ဘေယွန်းဆေး က "ဆို"၊ အိုဘားမားမောင်နှံ "က"

Wednesday, July 18, 2012

ဓာတ်ပုံ- Reuters

ဘေယွန်းဆေးဟာ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၂ ခုနှစ် ကင်ပိန်း ရထားပေါ်မှာ မြင်ရ တဲ့ မြင်ကွင်း ဓာတ်ပုံတခု ဟာ အိုးဘားမားရဲ့ BarackObama.com ဆိုတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဘေယွန်းဆေးက သမ္မတ ကတော် မစ်ရှဲလ် အိုဘားမားကို ကမ္ဘာတ၀ှမ်းက အမျိုးသမီးတွေနဲ့ အမေရိကန်
ပြည်ထောင်စုအတွက် သူ စွမ်းဆောင်ပေးခဲ့သမျှ အားလုံးအတွက် ကျေးဇူးတင်စကားနဲ့ ချီးမွမ်း
ထောပနာ ပြုလိုက်တာကို ဇူလိုင် ၁၇ ရက်နေ့စွဲနဲ့ The Daily Chilli အွန်လိုင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။

“သူက မန်မာန မထောင်လွှားဘူး၊ ချစ်စရာလည်းကောင်းပြီး ရိုးသားမှုရှိတယ်”လို့ ဘေယွန်းဆေးက မီရှဲလ် အိုဘားမားကို ရည်ညွှန်းပြောဆိုလိုက်တာပါ။

မီရှဲလ် ဟာ တကယ့်ကို ခိုင်မာတဲ့ အာဖရိကန်- အမေရိကန် အမျိုးသမီး တဦးအဖြစ်လည်း ထိပ်တန်း စံနမူနာ ဖြစ်တယ်လို့ သူက သမ္မတ ကတော်ထံ ပေးစာမှာ ဆိုထားပါတယ်။



ဘေယွန်းဆေးက အိုဘားမားတို့ ဇနီးမောင်နှံကို သစ္စာ၊ မေတ္တာတရားတို့နဲ့ စံထားတဲ့ မောင်နှံအဖြစ်လည်း ဂုဏ်ပြုထားပါ သေးတယ်။

အိုဘားမား ဇနီးမောင်နှံကလည်း စင်မြင့်ထက်မှာ ဘေယွန်းဆေးရဲ့ သီချင်းနဲ့ ကပြ ဖျော်ဖြေခဲ့ပါတယ်။ ကြည်နှုးဖွယ် မြင်ကွင်းပါ။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved