၈၈ ရဲ့ ပွင့်လင်း လူအဖွဲ့အစည်း တွံတေး ခရီးစဉ်

Monday, July 9, 2012

ဓာတ်ပုံ- ၈၈

ယမန်နေ့ ဇူလိုင်လ၊ ၈ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ရန်ကုန်တိုင်း တွံတေးမြို့ကို ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ်သွားရောက်ခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး တို့က တာဝန်ရှိသူတွေလည်း လိုက်ပါသွားခဲ့ကြပါတယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တွံတေးဒေသခံများ

မနေ့က မနက် ၁၀ နာရီမှာ တွံတေးမြို့ ဘိုးဘွားရိပ်သာ ၀င်းအတွင်းက မိဘဂုဏ်ခန်းမမှာ တွံတေးမြို့နယ် ဒီမိုကရေစီ ကွန်ယက်က ဦးစီးကျင်းပတဲ့ “ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ” မှာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ပြောကြားကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အတူလိုက်ပါသွားတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီက စည်သူမောင်နဲ့ အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ထက်ပိုင်အောင်တို့ကလည်း ဟောပြောဆွေးနွေးကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများဟာ အခုလို လူငယ်တွေကို ပွဲထုတ်လာတာ သတိထားမိကြပါလိမ့်မယ်။
အနာဂတ်အတွက် အခုလို လူငယ်တွေရဲ့ တက်တက်ကြွကြွ ပါဝင်လာတာကိုလည်း မြန်မာ့လူ့အဖွဲ့အစည်းက ကြိုဆိုနေကြတာပါ။


စည်သူမောင်

ထက်ပိုင်အောင်


တွံတေးမြို့နယ် ဒေသခံများက သူတို့ လက်ငင်း ကြုံတွေ့ခံစား နေကြရတဲ့ ကိစ္စတွေကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မမီးမီးတို့နဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

အောင်ကျော်ကျော်


နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ အခမ်းအနားကို ငြိမ်းချမ်းစွာနဲ့ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved