မြန်မာပြည်ရဲ့ ကားနံပါတ်များ

Tuesday, July 31, 2012

~


မြန်မာပြည်မှာ ကိုယ်ပိုင်ကား၊ အငှားကား ကားနံပါတ်ပြားတွေကို အောက်ခံအရောင်၊ စာလုံးအရောင် ခွဲခြား သတ်မှတ်ထားကြောင်း မြန်မာ့အလင်းသတင်းစာမှာ အခုလို တွေ့ရပါတယ်။

စည်းကမ်းနှင့်အညီ ယာဉ်နံပါတ်များ တပ်ဆင်ခြင်းမရှိပါက အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက စည်းကမ်းနှင့်အညီ ယာဉ်နံပါတ်များ တပ်ဆင်မောင်းနှင်ခြင်းမရှိသော ယာဉ်များအား တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်ထားရှိမှုကို ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် မီဒီယာ များ တွေ့ဆုံပွဲမှ သိရှိခဲ့ရသည်။

ယခုအခါ ရန်ကုန်မြို့တော်၌ ယာဉ်များ များပြားလာသည်နှင့်အမျှ အချို့ သည် သတ်မှတ်စည်းကမ်းနှင့်မညီသည့် ယာဉ်နံပါတ်များ တပ်ဆင်လျက် မောင်းနှင်နေကြကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက မြန်မာ့အလင်း သတင်းအဖွဲ့နှင့် တွေ့ဆုံခိုက် ပြောကြားခဲ့သည်။

မော် တော် ယာဉ် များ တွင် တပ်ဆင်မောင်းနှင်နိုင်ရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက တစ်မီလီမီတာအထူရှိ အလူမီနီယံဖောင်းကြွနံပါတ်များဖြင့် ပြုလုပ်ကာ အောက်ပါအရောင်များအတိုင်း ခွဲခြားသတ်မှတ်ပေးထားသည်။

(က) သံတမန်ယာဉ်နှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းပိုင် ယာဉ်များအတွက် အောက်ခံအဖြူရောင်ပေါ်တွင် အက္ခရာ ဂဏန်း အနက်ရောင်။

(ခ ) ကိုယ်ပိုင် ယာဉ်များအတွက် အောက်ခံအနက်ရောင်ပေါ်တွင် အက္ခရာဂဏန်း အဖြူရောင်။

(ဂ ) အငှားယာဉ်များအတွက် အောက်ခံအနီရောင်ပေါ်တွင် အက္ခရာဂဏန်း အဖြူရောင်။

(ဃ) ကက၊ ခခ.. AA ယာဉ်များကို အောက်ခံ အနီရောင်ပေါ်တွင် အက္ခရာဂဏန်း အဖြူရောင်။

(င ) ခရီးသွားလုပ်ငန်းယာဉ်များ အတွက် အောက်ခံ အပြာရောင်ပေါ်တွင် အက္ခရာဂဏန်း အနက်ရောင်။

(စ ) သာသနာတော်ဆိုင်ရာ ယာဉ်များအတွက် အောက်ခံအဝါရောင်ပေါ်တွင် အက္ခရာဂဏန်းအနက်ရောင်ဟု သတ်မှတ် ထုတ်ပေးထားသည်။

ထိုသို့ သတ်မှတ်ထုတ်ပေးထားသော်လည်း ထုတ်ပေးထားသည့် ယာဉ်နံပါတ်ပြားများကို တပ်ဆင်ခြင်းမပြုကြဘဲ မိမိ အစီအစဉ်ဖြင့် စည်းကမ်းနှင့်မညီ တပ်ဆင်နေခြင်းနှင့် ထုတ်ပေးထားသည့် နံပါတ်ပြားများကို တပ်ဆင်ထားသော်လည်း ဆေးရောင်များမှေးမှိန်ပျက်ယွင်း နေသောယာဉ်များအား စစ်ဆေးတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက တည်ဆဲဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ညွှန်း - ဇူလိုင် ၃၀၊ တနင်္လာနေ့ မြန်မာ့အလင်း


ဒါ ဘယ်သူ့ကားလဲ

ကားအကြောင်း တိုတိုထွာထွာ
~

1 comments :

  1. Revenue Officer said... :

    Heavy fine must be imposed.

    Moving vehicles can be used as weapons.

    Identification of vehicles, to see clearly is paramount.

    In Western country, the rules are very stringent.

    No corrupt. Heavy fine please.

    minimum - 200,000 kyats
    maximum - 20,00000 kyats.

    If they can not pay lump sum, make an arrangement to pay by installment. With interest.

    Make sure money goes to ' REVENUE ' . with proper voucher number and official seal. and signature , name and designation and designation number of the official who booked them.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved