မင်္ဂလာဆောင်ဝတ်စုံ ဖက်ရှင်ပြပွဲ

Monday, July 2, 2012

.




(ဓာတ်ပုံများ - ဧရာဝတီ)

မနေ့က ရန်ကုန်မြို့မှာ မင်္ဂလာဆောင်ဝတ်စုံ ဖက်ရှင်ပြပွဲကြီးတခု ကျင်းပခဲ့ပါတယ်။ အမျိုးသားကဇာတ်ရုံမှာ ပြသခဲ့တာပါ။

ဒီနေ့ခေတ်မှာ လက်မထပ်သေးပေမယ့်လည်း မင်္ဂလာဆောင်ဝတ်စုံနဲ့ ဓာတ်ပုံကြိုတင်ရိုက်ကူးတာတွေ အင်မတန် ရေပန်းစားတဲ့အတွက် ဈေးကွက်ကြီးတခု ဖြစ်လာနေပါပြီ။

ဒီလို ကြိုတင် ဓာတ်ပုံရိုက်ရင် အ၀တ်အစား၊ စတူဒီယို၊ မိတ်ကပ် အပြီးအစီး ဘယ်လောက်ကုန်ကျမလဲ ဆိုတာတွေကို စုံစမ်းသူလည်း အများအပြားပါပဲ။

ဒီလိုဈေးကွက် ရှိနေတဲ့အတွက် မနေ့က ရန်ကုန်မှာ လုပ်ခဲ့တဲ့ ဖက်ရှင်ရှိုး ပေါ်ပေါက်လာတာလို့ ဆိုနိုင်ပါတယ်။

ငွေအကုန်ခံနိုင်တဲ့ မင်္ဂလာအခမ်းအနားများအတွက် ၀န်ဆောင်မှုအမျိုးမျိုး ပေးပြီး စီးပွားရှာနေသူလည်း မရှားပါဘူး။

အခမ်းအနားပြင်ဆင်မှု၊ တင်ဆက်မှု၊ ၀တ်စုံ၊ ဓာတ်ပုံ၊ ဆံပင်ပုံစံ၊ မိတ်ကပ်၊ ရတနာ ရောင်း/ငှား စသဖြင့် စသဖြင့် ၀န်ဆောင်မှု ပေးနေကြပါတယ်။ ကိုယ်က ငွေအကုန်ခံရုံပါပဲ။

မင်္ဂလာဆောင် ဆိုတာ လူတိုင်းလူတိုင်းနဲ့ မဟုတ်ပေမယ့် အများအပြားနဲ့ သက်ဆိုင်ပါတယ်။

ဒီလိုအကြောင်းအရာမျိုးနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ သတင်းတွေ အွန်လိုင်းမှာ အတွေ့ရနည်းပါတယ်။ စုပုံနေတာကတော့ နိုင်ငံရေးနဲ့နွယ်တာတွေပါပဲ။ နိုင်ငံရေးက အများနဲ့ သက်ဆိုင်တာမို့ ဒီလို စုပုံနေတာပါ။ အာဝါဟ ၀ိဝါဟ ဆိုင်ရာ ဖက်ရှင်ကလည်း အများနဲ့ သက်ဆိုင်တာပါပဲ။

လေ့လာဖို့၊ အပျင်းပြေကြည့်ဖို့ မင်္ဂလာဆောင်ဝတ်စုံ ဖက်ရှင်ပြပွဲ ဓာတ်ပုံတွေ ဖော်ပြပေးလိုက်ပါတယ်။






















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved