မြန်မာစာတန်းထိုး ကိုရီးယားသီချင်း

Thursday, July 5, 2012


~


ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ



မြန်မာစာတန်းထိုး ကိုရီးယား ရုပ်သံဇာတ်လမ်းတွေ မြန်မာပရိသတ် ဖမ်းစားခံနေရတာ ကြာပါပြီ။
မနေ့က အွန်လိုင်းကိုရောက်လာတဲ့ မြန်မာစာတန်းထိုး ကိုရီးယားသီချင်းကိုလည်း အွန်လိုင်း မြန်မာပရိသတ်က အင်မတန် နှစ်သက်ကြတယ်လို့ သိရပါတယ်။

ပုံမှာ တွေ့ရတာက Exo-K အဖွဲ့သားများ ဖြစ်ပါတယ်။

Exo ဂီတအဖွဲ့ဟာ မနှစ်က တောင်ကိုရီးယားမှာ ပေါ်ပေါက်ခဲ့တာပါ။
ဖျော်ဖြေရေးကုမ္ပဏီက စိတ်ကူးကောင်းကောင်းနဲ့ သူတို့ကို ၂ ဖွဲ့ ခွဲပစ်လိုက်ပါတယ်။
Exo-K နဲ့ Exo-M တဲ့။ K အဖွဲ့က ကိုရီးယား ဘာသာနဲ့ သီချင်းတွေ ထုတ်ပါတယ်။ M ကတော့ မက်ဒရင်း (ကမ္ဘာသုံးတရုတ်ဘာသာစကား) နဲ့ သီချင်းတွေ ဆိုကြပါတယ်။
အာရှဈေးကွက်ကို ထိုးဖောက်တဲ့ ခေတ်သစ် စီးပွားရေးဗျူဟာ ထင်ပါရဲ့။





ဖော်ပြပါ ယူကျုမှာ Exo-K ရဲ့ မြန်မာစာတန်းထိုး ကိုရီးယားသီချင်းကို မြည်းစမ်းနိုင်ပါပြီ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved