မြန်မာ မီဒီယာ ဘာလဲ ဘယ်လဲ ဆွေးနွေးပွဲ

Thursday, July 12, 2012

ယနေ့ မီဒီယာအကြောင်းဆွေးနွေးပွ္ပဲမှာ ဦးဆောင်ဆွေးနွေးသူများ၊ ချင်းမိုင်း တက္ကသိုလ်၊ ဓာတ်ပုံများ- ဧရာဝတီ

ဒီကနေ့ ချင်းမိုင်းတက္ကသိုလ်ထဲက Social Research Center မှာ လုပ်တဲ့ Burma Now: Accessing The Reforms, Part 3, Evolving Media Landscapes အမည်ရ ဆွေနွေးပွဲမှာ အဓိက ဆွေးနွေးသူများက မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ မီဒီယာရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြပါတယ်။


ဆွေးနွေးပွဲ တက်ရောက်လာကြသူများ

ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းမီဒီယာလောက ပွင့်လင်းမှု မရှိသေးတဲ့ အခြေအနေ၊ ဆက်လက် ရုန်းကန်ကြရ အုံးမယ့် အနေအထား၊ ပြည်ပမီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ အခု မီဒီယာလောကမှာ ထည့်သွင်းရမလိုဖြစ် လာတဲ့ ဖေ့စ်ဘုတ် (Facebook) အသုံး တွင်ကျယ်လာမှုတွေကိုလည်း အလွန် စိတ်ဝင်စား ဖွယ် ပြောဆိုသွားကြပါတယ်။


ဦးဆောင်ဆွေးနွေးသူတွေဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်က Dr. Jennifer Leehey က Burma’s Media in the 1990’s and the Media’s Role in Burma’s Democratic Transition၊ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က Media Reforms in Burma and the Capacity of Native Journalists in Burma၊ ကရင် သတင်းစင်တာက အယ်ဒီတာ နန်းဖောဂေး က Burma’s Ethnic Media နဲ့ ဖေ့စ်ဘုတ် သုံးစွဲမှု စောင့်ကြည့် သုတေသနပြုနေသူ မမွန်မွန်မြတ်က The Rise and Impact of Social Media in Burma တို့ကို အလွန် စိတ်ဝင်စားဖွယ် ဆွေးနွေး တင်ပြသွားကြပါတယ်။



အမေးအဖြေတွေကလည်း အတော်အသက်ဝင်ပြီး မေးသူနဲ့ ဖြေသူများကြားပါမက ပရိတ်သတ် ၇၀ ကျော်ကို လည်း ဖမ်းစား ခဲ့ပါတယ်။












1 comments :

  1. Accountant General said... :

    U Kyaw San wanted to fight his own Media against Foreign Media but now he is fighting for his Survival.Nothing in this world is permanent and he may realize it now.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved