လူတိုင်း လှပ သပ်ရပ်နေဖို့ အရေးကြီးတယ်

Tuesday, July 17, 2012


သင်း
ပပ

မိန်းကလေး တစ်ယောက်အတွက် အလှအပက အရေး ကြီးပါတယ် လို့ဆို သူက သရုပ်ဆောင် မိုးယုစံပါ။

ဒီလိုပြောတဲ့ သရုပ်ဆောင် မိုးယုစံ ကိုယ်တိုင်က တကယ်တော့ အလှအပနဲ့ ပတ်သက်ရင် ဆောင်ရွက်မှု သိပ်မရှိတာ တွေ့ရပါတယ်။
သရုပ်ဆောင် လောကထဲကို ၀င်ခါစက အနုပညာ ရှင်ဖြစ်တဲ့ အတွက် အလှအပတွေ ပြင်တာက လွဲရင် မိုးယုစံက Skin Care ဆိုတာကိုလည်း သိပ်မသိသလို တခြား အလှအပ ပြုပြင် ထိန်းသိမ်းမှု ဆိုတာတွေကိုလည်း စိတ်မ၀င်စားတာ တွေ့ရပါ တယ်။

“သမီးက အလှအမြဲပြင်နေမှဆိုတဲ့ အလှ အရမ်းကြိုက်သူတွေထဲမှာတော့ မပါပါဘူး။ ငယ်ငယ်တုန်းက ကျောင်းမှာဆိုရင် သနပ်ခါးပဲ လိမ်းရတာလေ။
ပြီးတော့ မိုးယုက ကျောင်းမှာဆိုရင် ဆံပင်ကိုအမြဲ အမြင့် စုစည်းထားလေ့ ရှိတယ်။ဗြောင်သိမ်းတဲ့ ပုံစံပေါ့နော်။ ဒီပုံစံကို အရမ်း သဘောကျတယ်။ ဆံပင်ကို အမြင့် ချည်နှောင်ရတာ အရမ်း သဘောကျတယ်။
အရင်ကဆို ဆံပင်ကို အမောက်တင်ရတာ သဘောကျတယ်။ အဲဒီလို လုပ်လိုက်ရမှ ကိုယ့်မျက်နှာ သေးသွားတယ်လို့ ခံစားရတယ်။ ဆံပင်ကြီးကျနေရင် မျက်နှာပြဲပြဲကြီးလို့ ထင်တယ်။
အရင်တုန်းကဆို အဲလို အမောက်ကလေး သိမ်းလိုက်ရမှ ကျေနပ် သွားတယ်”လို့ မိုးယုစံက သူ့အကြိုက်ဆုံး အလှပြုပြင်နည်းကို ပြောပြပါတယ်။

လတ်တလောမှာတော့ မိုးယုစံက ဆာမူရိုင်း ပုံစံ နဖူးရှေ့အတိချတဲ့ ပုံစံပြုပြင်ထားပါတယ်။
မိုးယုစံက ဆံပင် အဖြောင့်အရှည်ကိုပဲ သဘောကျတာကြောင့် အခုအချိန်အထိ ဆံပင် အဖြောင့်အရှည် ပုံစံ ထားဖြစ်နေပါတယ်။

“အမှန်ဆိုရင်တော့ ညီမက ဆံပင် အကောက်ကို ကြိုက်တာ။ အရမ်း အကောက်ကြီး မဟုတ်ဘူးလေ။ ပြေပြေလေး ကောက်နေတာကို ကြိုက်တယ်။ ဒါပေမဲ့ ဒီရက် ပိုင်းမှာတော့ အဖြောင့်အရှည်ကို ကြိုက်နေတယ်။
အဖြောင့်ကိုမှ ဖြောင့်စင်းပြီး အိတုန်နေတဲ့ ပုံစံကို ကြိုက်လို့ အဲဒီပုံ လုပ်ဖြစ်တယ်။ ဆံပင်ညှပ်ဆိုင် သွားရင်လည်း ဆံပင်ကို ပေါင်းတင်တာ တစ်ခုပဲ လုပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုးယုစံက Body scrub နဲ့ အသားအရေ ပြုပြင်ထိန်းသိမ်းရေး ကိုတော့ အိမ်မှာပဲ ကိုယ်ကိုယ်တိုင် လုပ်ဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင် တစ်ယောက်ဖြစ်နေတဲ့ အတွက် ကိုယ်မြတ်နိုးတဲ့ ဆံပင်အရှည်ကို ဇာတ်ကောင်စရိုက် အရပြောင်းလဲရမယ် ဆိုရင်တော့လည်း ပြောင်းလဲရမယ်။
တကယ်လည်း လိုအပ်တယ်ဆိုရင် တော့ သရုပ်ဆောင် သြသိ အတွက် လုပ်ဖြစ်မှာပါ ပဲလို့လည်း ဆိုပါတယ်။
မိုးယုစံက စိတ်ညစ်လာ ရင်တော့ ဘာမှကို မလုပ်ဖြစ်တော့ဘူးလို့လည်း သိရပါတယ်။

လတ်တလော အနေနဲ့ အကြိုက်ဆုံး (ကိုယ့်စိတ်ကြိုက်)မိတ်ကပ် အပြင်အဆင်ကို ပြောပြပါ ဦးဆိုတော့
“အခုအပြင်တွေ ဘာတွေ သွားရင် တော့ မင်းသမီးဖြစ်တဲ့ အတွက် နည်းနည်းပါးပါး ပြင်လိုက်ရမှပါပဲ။ ဒီလိုပြင်မှ တော့လည်း မျက်နှာ တစ်ပြင်လုံး ပြင်ရတာကို သဘောကျတယ်။
မျက်ခုံးမွေး ဆွဲရတာ၊ မျက်လုံးခြယ်ရတာ အားလုံးကို သဘောကျတယ်။ ဒါပေမဲ့ Beauty Salon သွားဖြစ်ရင်တော့ အများဆုံးလုပ်ဖြစ်တာက ဆံပင်နဲ့ ခြေသည်း လက်သည်းပါပဲ။
ကိုယ့်ရဲ့လက်သည်းက အရမ်းပါးတော့ ကျိုးပဲ့လွယ်တယ်။ကျိုးရင်လည်း တစ်ဝက်လောက်က ကျိုးလေ့ရှိတယ်။ ဒီတော့ အတုတပ်ရတာပေါ့နော်။
လက်ကို အတုတပ်ရတာက လုပ်ရကိုင်ရမလွယ်တော့ မကြိုက်ဘူး။ ခြေထောက်ကို အတုတပ်ရတာတော့ ကြိုက်တယ်။

ကိုယ့်ခြေထောက်တွေ၊ လက်တွေ ပိုလှသွားသလို ခံစားရတယ်။ မိုးယု အများဆုံးပြင်ဖြစ်နေတဲ့ ပုံစံကတော့ မျက်လုံးကာလာခြယ်တယ်။ အညိုရောင်ပဲ ခြယ်တယ်။
ဒီအရောင်နဲ့လည်း အလိုက်ဆုံးလို့လည်း ထင်တယ်။
အခုနောက်ပိုင်းတော့ ကိုယ့်ပုံစံပဲ ပြောင်း သွားလို့လား။ မိတ်ကပ်နဲ့ အသားကျသွားလို့လား မသိဘူး။ ပန်းရောင်တို့ ဘာတို့နဲ့လည်း အဆင်ပြေနေတယ်။
အခုနောက်ပိုင်း မျက်လုံးမှာ ခြယ်ချင်တာကတော့ ပန်းရောင်တို့ အပြာရောင်တို့ တင်ချင်လာတာပေါ့။ ပြီးရင် အင်္ကျီဆိုရင်လည်း အရောင်ကွဲလေးတွေပေါ့။ ပန်းရောင်ဆိုလည်း အဖျော့၊ အပြာ ဆိုလည်း အဖျော့ပေါ့နော်။
အဲဒါကို ဆန့်ကျင်ဘက်လေးဝတ်ပြီး စကတ်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးပေါ့။ ဗြောင်ရှင်းရှင်းလေးနဲ့မှ ပန်းတစ်ပွင့်တည်း ပုံစံလေးနဲ့ ကိုရီးယားဆန်ဆန် ၀တ်ချင်လာတယ်”လို့ ပြောပါတယ်။

မိုးယုစံက လူတိုင်းလိုလို လှပ သပ်ရပ်ဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

သင်းပပ
Teen Magazine April 2012 shweamyutay.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved