ပြောချင်တော့ပါဘူး ကိုရွှေ လ၀က တို့ရယ်....

Wednesday, July 25, 2012

ဓာတ်ပုံ- ဟာဂျူလီ ကသာ၏ ဖေ့စ်ဘုတ်စာမျက်နှာ

မကြာသေးခင်က လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဖြစ်တဲ့ ဦးခင်ရီက သမိုင်းဝင် စကား တခွန်းကို ပြောခဲ့ပါတယ်။ သူတို့ လ၀က ၀န်ကြီးဌာနဟာ လာဘ်ပေးလာဘ်ယူ လုပ်လို့ရတဲ့ ဌာန မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါဘဲ ဟာဂျူလီ ( ကသာ ) ရဲ့ ဒီဖော်ပြချက် စာဟာ ၀န်ကြီး ပြောစကားနဲ့ ဘာတွေကွာခြားနေလည်းဆိုတာ ထင်ဟပ်နိုင်မယ် ထင်ပါတယ်။



မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အနှစ် (၂၀) နေလာတဲ့ တရုတ် လူမျိုးတစ်ယောက်ကို ဒီရက်ပိုင်းအတွင်း ကသာမြို့နယ် လ၀က မှ နိုင်ငံအတွင်းတရားမ၀င်ဥပဒေမဲ့ ခိုးဝင်မှုဖြင့် တရားစွဲဆိုနိုင်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

မြန်မာနိုင်ငံသို့ တရားမ၀င်လာရောက် နေထိုင်သည်ဟု ဆိုသော်လည်း ထိုသူမှာသည် မြန်မာနိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်ထားပြီး ရတနာ သစ်ကုမ္ပဏီမှ ကြီးကြပ်ရေးမှူးအဆင့်ရှိ ၀န်ထမ်းတစ်ဦးဖြစ်သည့် အပြင် မြန်မာ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထားသည်မှာ နှစ်ပေါင်း (၂၀) နီးပါး ရှိနေပြီဟုလည်းသိရပါတယ်။

ထိုသူ၏အမည်မှာ ၀ိန်ကျင်လျောင်(ဘ.၀န်ကျင်ယွိ) အသက် (၅၁) နှစ်ဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်ရွာ (၂)၊ သုဝဏ္ဏရပ်၊ သင်္ခန်းကျွန်းမြို့နယ်၌ နေထိုင်ခဲ့သူဖြစ်ပါသည်။ သူမြန်မာနိုင်ငံတွင် စတင်နေထိုင်ခါစက လက်ထပ်
ပေါင်းသင်းခဲ့သော အမျိုးသမီးမှာ မသောင်းသောင်းအေး ဆိုသူဖြစ်ပြီး သားသမီး (၂) ဦး ရရှိပြီဖြစ်ပါတယ်။

ကလေးအကြီးဆုံးမှာ အားချွေ့ (အသက်၁၆နှစ်) ဖြစ်ပြီး အငယ်မှာ(၁၃နှစ်အရွယ်ရှိ ) အားမေဖြစ်ကြောင်း တရားမ၀င် ၀င်ရောက်သူဟု စွပ်စွဲခံရသော ၀ိန်ကျင်လျောင်မှ စာရေးသူအား ပြောကြားခဲ့ပါတယ်။

သူသည် လွန်ခဲ့သော ၅ နှစ်နီးပါးမှ စတင်၍ အမျိုးသား မှတ်ပုံတင် ရရှိကိုင်ဆောင်ခဲ့ပါကြောင်းနှင် ထိုမှတ်ပုံတင် အား ကသာ လ၀က မှ သိမ်းဆည်းသွားခဲ့ပါကြောင်း သိမ်းဆည်းသူမှာ ပိန်ပိန်ပါးပါးဖြစ်ကြောင်းနှင့် သူသည် ကသာမြို့ကို သစ်ကုမ္ပဏီတာဝန်ဖြင့် ၉ ခေါက်ရောက်ဖူးခဲ့ပြီး ယခုအခါ (၃) နှစ်ကျော်နေထိုင်ခဲ့သည်ဟု ဆိုပါ တယ်။

ထိုသို့နေထိုင်စဉ် ရင်းနီးခင်မင်သူမ......ရပ်ကွက်(၉)နေအိမ်သို့ လာရောက်စဉ် ဖမ်းခံရခြင်းဖြစ်ကြောင်းလည်း (မြန်မာ စကားကို မွတ်နေအောင်) ကျွန်တော့်ကို ရှင်းပြပြောဆိုပါတယ်။

ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ကသာ ရဲစခန်းမှ ဒုလ၀ကမှူး ဦးအောင်မွန်၏ တိုင်တန်းချက်ကို (ပ)၂၂၈/၁၂ လက်ခံ ထားပြီး လ၀ကအက်(၁)/၁၃(၁)ဖြင့် ကသာမြို့နယ်တရားရုံသို့ တင်ပို့ နိုင်ရေးဆောင်ရွက်နေကြောင်း သတင်း ရရှိပါတယ်။

၁၆.၇.၂၀၁၂ရက်နေ့က ကသာမြို့နယ်တရားရုံးက တရုတ် လူမျိုးတစ်ဦးအား တရားမ၀င် ၀င်ရောက်မှုဖြင့်
ထောင်ဒါဏ် (၃) နှစ် ကျခံစေခဲ့ကြောင်း သတင်းရရှိပါသည်။ ယခုအမှုတွင် တရားခံဟု စွတ်စွဲခံရသူနှင့် ပါတ်သက်သည့် မှတ်ပုံတင် အထောက်အထားကို လ၀ကမှ ရဲစခန်းသို့ အပ်နှံခြင်းမရှိခဲ့ကြောင်းလည်း သိရပါတယ်။

ပွင့်လင်းသောအစိုးရဖြစ်ပေါ်ရေးတွင် အချင်းချင်းသိုဝှက်ကာကွယ်ခြင်း မျိုးမရှိသင့်ပါကြောင်းနှင့် တရားမ၀င် မှတ်ပုံတင် ထုတ်ပေးခဲ့သူကိုလည်း ထိရောက်စွာ စုံစမ်းဖေါ်ထုတ် အရေးယူနိုင်မှသာလျှင် ပြည်ပကျူးကျော်မှု အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။

(ဒီနေရာမှာ ကြုံလို့ ပြောရရင် ကသာမှာမွေးကသာမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့သော ကျွန်တော့်ရဲ့ သမီးငယ်ကို (၃)နှစ်ကြာ စိစစ်ပြီး ကျွန်တော်တို့ အမျိုးတွင် တစ်ခါမှ မကိုင်ဖူးခဲ့သော (၃) ခေါက်ချိုး ဧည့်နိုင်ငံသား ကဒ်ကို ထုတ်ပေးခဲ့ဖူးပါတယ်။

ကျွန်တော်က မြန်မာနိုင်ငံသားဖြစ်၍ ဧည့်နိုင်ငံသားကဒ်ကို မထုတ်ယူနိုင်ကြောင်း ဆန့်ကျင်ခဲ့ပါတယ်။
နောက်ဆုံး လူကြီးတွေ သိသွားသောအခါမှ (မှတ်မှတ်ရရ ဦးခင်ရီ ၀န်ကြီးဖြစ်လာမှ) ကျွန်တော့် သမီးငယ်ကို အမျိုးသား မှတ်ပုံတင် ထုတ်ပေးပါတယ်၊ကိုယ့် မြန်မာနိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသူများအတွက် မှတ်ပုံတင်ရရှိရန်မှာ ခက်ခဲလှပါသော်လည်း.........)

ပြောချင်တော့ပါဘူး ကိုရွှေလ၀ကတို့ရယ်....(ဟာဂျူလီ.ကသာ)ရဲ့ နောက်ဆက်တွဲပါ၊




တရုတ်နိုင်ငံပီကင်းက ကထုတ်ပေးထားတဲ့ တရုတ်နိုင်ငံသား ကတ်ပြားပါ။ ဒါကို ဟာဂျူလီ ( ကသာ )က မကြာမီနာရီပိုင်းက ထပ်မံ တင်ပြလာပါတယ်။

သူက ပြောထားတာကတော့ "တရားမ၀င်ခိုးဝင်ခဲ့ပြီး အနှစ် (၂၀) ကျော် ရန်ကုန်မှာနေနေတဲ့ ၀ိန်ကျင်လျောင်ရဲ့ သက်သေခံ ကဒ်ပါ၊ လ၀က နဲ့ရဲတွေ ရှာမတွေ့နိုင်လောက်ဘူးထင်လိ
ု့ မျိုးချစ်စိတ်နဲ့ သက်သေ တင်ပေး လိုက်တာပါ၊ဘ ယ်ကနေရတာလဲဆရာဂျူရယ်လို့တော့ မမေးကြပါနဲ့၊ဆရာဂျူ အဆက်အသွယ်နဲ့ အပေါင်းအသင်းတွေရဲ့ ကွန်ယက်ဟာ အင်တာပိုတို့ စီအိုင်အေတို့ထက် ကျယ်ပြန့်ပါတယ်( ကြွားလိုက်တာဖြစ်ပါတယ်)


ဟာဂျူလီ(ကသာ)


1 comments :

  1. Unknown said... :

    ခင်ရီ ရဲ့အရည်အချင်းကပြောစရာမလိုဘူး။ ၅ လောင်းပြိုင်လူသတ်မှု တရားခံမမိ၊ X2O မဏ္ဍပ် ဗုံးခွဲတဲ့ တရားခံမှားဖမ်း /တရားခံမမိ၊ ဒါပေမဲ့ ပြည်ထောင်စုဝန်ကြီး တယောက်ဖြစ်ခဲ့တယ်ဆိုတော့ နှိင်ငံရဲ့ အုပ်ချုပ်မှု ပုံစံတွေက မေခွန်းထုတ်စရာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved