တရုတ်လုံခြုံရေးဝန်ကြီးရဲ့ ရွှေတြိဂံခရီး

Wednesday, July 4, 2012

~


Meng Jianzhu (ဓာတ်ပုံ - ရန်ကုန်မြို့ တရုတ်သံရုံး)

တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီး Meng Jianzhu ဟာ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံကို ဒီရက်ပိုင်းအတွင်း သွားရောက်မယ်လို့ သိရပါတယ်။

သူဟာ နိုင်ငံတော်ကောင်စီဝင်တယောက်လည်း ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက ပီကင်းမှာ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာတွေ ဆွေးနွေးခဲ့တာပါ။



ဒုဗိုလ်ချုပ်ကြီး ကိုကိုနဲ့ Meng Jianzhu

အဲဒီဆွေးနွေးမှုတွေအပြီး လအတန်ကြာမှာ ရွှေတြိဂံနိုင်ငံ လုံခြုံရေးအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာပြီး တာချီလိတ်မြို့နားမှာ မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့နောက်လိုက်တွေကို နှိပ်ကွပ်နိုင်ခဲ့ပါတယ်။

နော်ခမ်းတို့ကို စစ်ဆင်အပြီးမှာ Meng Jianzhu တယောက် ရွှေတြိဂံနိုင်ငံတွေကို သွားရောက်မယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။

သူဟာ မြန်မာအာဏာပိုင်တို့နဲ့ တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။

သတင်းတွေအရ ဆိုရင် သူဟာ တရုတ်ပြည်တွင်းလုံခြုံရေးကိစ္စရပ်များအတွက် အဓိက တာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

ပါကစ္စတန်-တရုတ် နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများအတွက် ပါကစ္စတန်နိုင်ငံကိုလည်း သွားရောက်ဆွေးနွေးခဲ့သူပါ။

အခုတော့ ရွှေတြိဂံဒေသ အာဏာပိုင်တို့နဲ့ တွေ့နေရပြန်ပါပြီ။

ရွှေတြိဂံဒေသဟာ တရုတ်ပြည်ထဲကို မူးယစ်ဆေးတွေ တင်ပို့တဲ့ လမ်းကြောင်းတခု ဖြစ်နေရုံတင်မကပါဘူး၊ မကြာသေးခင်က ဒီဒေသ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း ဒီဒေသ လုံခြုံရေးဆိုင်ရာအတွက် အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved