လက်ကိုင်ဖုန်း သုံးလိုသူတွေ ၃ နှစ်လောက် သည်းခံ စောင့်ပေးကြပါ။ ၅၀၀၀ ကျပ်တန်ု ဖုန်းသုံးလိုသူတွေ လည်း စောင့်ပေးကြပါ။ ဆန္ဒမစောကြပါနဲ့ ဆိုတဲ့ စကားသွားသတိရမိပါတယ်။
အခု တာဝန်ရှိသူတွေက လာမယ့် ၂၀၁၅၊ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ ၇၀ ကနေ ၇၅ ရာခိုင်နှုန်းအထိ လက်ကိုင်ဖုန်းသုံးစွဲနိုင်ပါတော့မယ်တဲ့။ ဌာနကို ဗဟို ပြုတဲ့ စနစ်ကို မကျင့်သုံးတော့ ဘဲ ပြည်သူကို ဗဟို ပြုတဲ့ စနစ်ကို သွားဖို့ စီစဉ်နေပါပြီတဲ့။
ကျတော်အသက် 33 ပါ ..လခက တလကို တသိန်း ပတ်ဝန်းကျင်ရပါတယ် .. ကျတော်မိသားစုအတွက် သုံးရစွဲရတာနဲ့တင် ဖုန်းမ၀ယ်နိုင်သေးပါ .. ကျတော်တို့မသေခင်တော့ 5000 တန်ဖုန်းလေးမြင်သွားပါရစေ ..