မြန်မာပြည်မှာ ဘယ်သူတွေက ကျားမြီး ဆွဲသူတွေလဲ ????

Friday, July 27, 2012

ကာတွန်း ဟန်လေးရဲ့ လက်ရာ တခုပါ

မြန်မာနိုင်ငံဟာ ရာစု နှစ်ဝက်ကျော် အာဏာရှင်တွေအောက် ပြားပြားရောက်ခဲ့ရတာ ဘယ်သူ့ကြောင့်လဲ။

ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်ကတော့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်ကြီးကို မြန်မာ့
မြေမှာ မွေးဖွားပေးခဲ့သူ ဦးနေ၀င်းပါတဲ့။ ဦးနေ၀င်းဟာ တိုင်းပြည် ချောက်ထဲ မကျရအောင် အာဏာ ထိမ်းသိမ်း
ပေးခဲ့တာလို့ ပြောပြီး ချောက်ထဲ တွန်းချပစ်ခဲ့တာလို့ ဆိုထားပါတယ်။

ဒါပေမယ့် အကင်းပါးလှတဲ့ ဦးနေ၀င်းဟာ တိုင်းပြည် ဘယ်လို အခြေအနေဖြစ်သွားတယ်ဆိုတာ သူသိနေခဲ့ပြီး သူ့နုတ်က ကျားမြီးတော့ ဆွဲမိနေပြီ။ မဖြစ်ချေဘူး ဆက်တော့ဆွဲထားရတော့မှာလို့ ဆိုခဲ့ပါတယ်တဲ့။

"ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေတ်မှာ တပ်က ထွက်တဲ့ အရာရှိဟောင်းတွေကို အစိုးရဌာနတွေမှာ နေရာပေးတဲ့ စနစ်ဆိုးကြီး စတင်ခဲ့ပါတယ်။ ဒီစနစ်ဆိုးကြီးဟာ အခုအချိန်အထိ ကင်ဆာရောဂါလို မြန်မာနိုင်ငံတွင်းမှာ အမြစ်တွယ်နေတာကို တွေ့ခဲ့ရပါ တယ်။" ဆိုတဲ့.....
ကျားမြီးဆွဲသူများ အကြောင်းထဲက စာပိုဒ်ဟာ တကယ်လည်း မှန်နေတာ အားလုံး အသိပါပဲ။

အခုထိလည်း အရပ်ဘက် အုပ်ချုပ်ရေးယန္တရားနဲ့ ဌာန ဆိုင်ရာ အားလုံးမှာ စစ်ဗိုလ် လူထွက်တွေကို ပဲ နေရာပေး အုပ်ချုပ်နေတာဖြစ်ပြီး စစ်ဗိုလ် လူတန်းစားသစ် အဖြစ် မြန်မာပြည်မှာ အခုထိ ဆက်မွေးထားတာ အထင်အရှားပါဘဲ။

မြန်မာပြည်က အာဏာရှင်တွေဖြစ်တဲ့ ဦးနေ၀င်းက အစ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အဆုံး စစ်ဗိုလ်ချုပ်တွေဖြစ် တာကြောင့်လည်း ပညာရှင်နဲ့ တပါးသူတွေရဲ့ အကြံကောင်းတွေကို မလေးစားလို့ မြန်မာဟာ ကမ္ဘာ့ အဆင်းရဲ ဆုံး နိုင်ငံထိ နိမ့်ကျလာခဲ့ရပါတယ်တဲ့.....

ဒါပေမယ့် အခု စစ်ဗိုလ်ချုပ် တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ဘယ်လိုလူစားလဲ၊ ဘယ်သူတွေက ကျားမြီးဆွဲ
နေကြသလဲ၊ သိလိုသူများ ယနေ့ ဧရာဝတီ မြန်မာပိုင်း အင်တာနက် စာမျက်နှာက ကျားမြီးဆွဲသူများ အကြောင်း မှာ ဖတ်ရှု့အားပေးနိုင်ပါပြီလို့ သတင်းမောင်း ခတ်လိုက်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved