စေတနာ ၀ဿန် ဂီတ ရန်ပုံငွေပွဲ အကြို

Monday, July 16, 2012


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ MCC မှာ ကျင်းပဖို့စီစဉ်ထားတဲ့ စေတနာ ၀ဿန် ဂီတ ရန်ပုံငွေရှာဖွေပွဲအတွက် ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့က Mr. Guitar စားသောက်ဆိုင်မှာ မြန်မာနိုင်ငံ က ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲလေး တခု လုပ်ခဲ့ပါတယ်။


ညှီနှိုင်းဆွေးနွေးပွဲလေးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၈၈မျိုးဆက် ကျောင်းသားတွေ အနေနဲ့ မြန်မာနိုင်ငံတ၀ှမ်းက လူမှု အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့ နေရာမှာ အသုံးပြုသွားဖို့ အတွက် စေတနာ ၀ဿန် ဂီတ ရန်ပုံငွေ ရှာဖွေပွဲလုပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။





ဂီတ အနုပညာ မောင်နှမများရဲ့ ၀ိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရေး ဆွေးနွေးကြတဲ့ ဒီပွဲလေးမှာပဲ အနုပညာရှင် မောင်နှမတွေ က သဒ္ဒါပေါက်ပြီး အလှူငွေတွေထည့်ဝင်သွားခဲ့ပါတယ်။



ဒီဆွေးနွေးပွဲလေးမှာတော့ နံမည်ကျော် အနုပညာရှင်များနဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့က အမှတ်တရ စု ပေါင်း ဓာတ်ပုံလည်း ရိုက်ခဲ့ကြပါသေးတယ်။



လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပမယ့် စေတနာဝဿန် ဂီတ ရန်ပုံငွေပွဲက ရလာမယ့် ရန်ပုံငွေတွေကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ပြည်နယ်က ဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ အခြား လို အပ်လို့ လာရောက်အကူအညီတောင်းနေကြတဲ့ လူမှုဒုက္ခသည်တွေကို ပြန်လည် လှူဒါန်း သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဥာဏ်လင်းကလည်း ဧရာဝတီကို ရှင်းပြပါတယ်။



“ဒီရန်ပုံငွေပွဲက ရလာတဲ့ ငွေကြေးတွေကို အခု ကျနော်တို့ဆီ လာပြီး အကူအညီတောင်းထားတဲ့ သူတွေနဲ့ ၈၈ က လှူဒါန်းမှုတွေ လုပ်နေတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်အပါအ၀င် လိုအပ်နေတဲ့ သူတွေကို ပြန်ပြီး အကူအညီ ပေးသွားဖို့ ဖြစ်ပါတယ်” လို့ ကိုဥာဏ်လင်းက ဆိုပါတယ်။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved