လွတ်ငြိမ်းခွင့် နည်းနည်း ထပ်ပေးပြီ

Tuesday, July 3, 2012


သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၈၀ ယောက်ကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

နိုင်ငံတော် တည်ငြိမ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရေးမှာ အား လုံး ပါဝင်နိုင်ရေး၊ လူသားချင်း စာနာထောက်ထားတဲ့အတွက် မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦး ( ကျား-၃၇၊ မ-၉ ) တို့နဲ့အတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံ ရေး တို့အတွက် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး တို့ကို ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့က စပြီး ပြစ်မှုဆိုင် ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ် ငြိမ်းခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီကနေ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသူ ၈၀ ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါဝင်သလဲ ဆိုတာတော့ သေချာ မသိရသေးပါဘူး။ ဒီကနေ့ဟာတော့ ပထမ ၀ါဆိုလပြည့်နေလည်းဖြစ်သလို ယခင်စစ်အစိုးရနှင့် ယခု အစိုးရတို့က သတ်မှတ်ထားတဲ့ မြန်မာအမျိုးသမီးများနေ့လည်း ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved