အိုလံပစ် လူကြီးတွေ အလံမှား သုံးမိသတဲ့......

Thursday, July 26, 2012





ဓာတ်ပုံ-The Sun

၂၀၁၂ ဇူလိုင်၂၅ ရက်နေ့ လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယား အမျိုးသမီးဘောလုံး ကစားသမား Song Hui Kim(ဆောင်ယူကင်)ပုံကိုဖော်ပြရာမှာ တောင်ကိုရီးယားအလံနှင့် မှားယွင်းစွာ ဖော်ပြမိခဲ့ပါတယ်တဲ့။


ကစားပွဲ မစတင်မီ ကစားသမားများအား ပရိုဂျက်တာတွင် မိတ်ဆက်ခဲ့ရာ မှားယွင်းဖော်ပြခဲ့တာဖြစ်ပြီး ၄င်းဖြစ်ရပ်ကြောင့် မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြကန့်ကွက် ခဲ့မှုဖြစ်ပွားခဲ့ပြီး ဘောလုံးပွဲစဉ် ၁ နာရီ ကျော် နောက်ကျသွားခဲ့ရပါတယ်။

ဓာတ်ပုံ-AP

အိုလံပစ်ပြိုင်ပွဲ အဖွဲ့အစည်းမှ အကြီးအကဲများက မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းအား တရားဝင် တောင်းပန်ခဲ့ရပါတယ်။ ထို ဘောလုံးပွဲစဉ်တွင် မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအဖွဲ့နှင့် ကိုလံဘီယာ အမျိုးသမီး ဘောလုံးအသင်းတို့ ယဉ်ပြိုင် ကစားခဲ့ရပါတယ်။

ဓာတ်ပုံ-Reuters
၎င်းပွဲစဉ်တွင် မြောက်ကိုရီးယားအဖွဲ့က ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ယူကစားသွားခဲ့ပြီး မြောက်ကိုရီးယားရဲ့ အနိုင်ရ မယ့် ဂိုးကိုလည်း မှားယွင်းစွာဖော်ပြခံရတဲ့ Song Hui Kim ကဘဲ အနိုင်ဂိုးနှစ်ဂိုးဖြင့် သွင်းယူပေး သွားခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved