နေပြည်တော်က ဖိနပ်ပြဿနာ

Sunday, July 8, 2012

ရွှေတိဂုံဘုရားပေါ်က ဖိနပ်အပ်ဌာန တခု၊ ဓာတ်ပုံ-Janetong.com


လူကြားမကောင်းတဲ့ သတင်းပေးစာတပုဒ်ကို အမှတ်မထင် တွေ့ လိုက်ရပါတယ်။ ဒါကတော့ နေပြည်တော်မှာ တည်ထားကိုးကွယ်ထားတဲ့ ရွှေတိဂုံ ပုံတူ ဥပ္ပါတသန္တိစေတီတော်မှာ ဖိနပ် အပ်ခ ပြဿနာ တက်နေကြပါတယ်။ ဘုရားတက်ရင် ဖိနပ် တရံ အပ်ခ ကျပ် ၅၀၀ တောင် ပေးရတော့ တိုင်စာတွေ တက်ရာက အခုတော့ ဂေါပက အဖွဲ့က ဖိနပ် တရံ အပ်ခက ၅၀ ပါဘဲတဲ့။ အပ်ပြီးရင်လည်း လက်ခံ ဖြတ်ပိုင်းပေးပါတယ် တဲ့။


ဒီလိုမှ မဟုတ်ပဲ ဖြတ်ပိုင်းထဲက ဖိနပ်အပ်ခ ၅၀ ထက်ပိုရင်တော့ ဖိနပ်သိမ်းလုပ်ငန်း ကန်ထရိုက်လုပ်ကိုင် သူကို ပြင်းထန်စွာ အရေးယူမှာပါတဲ့။ကြေးမုံ သတင်းစာ ပေးစာကဏ္ဍမှာပါလာပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved