ကမ္ဘာမကြေ၊ မန္တလာမြေ

Sunday, July 22, 2012

မန္တလေးမြေကို နိုင်ငံခြားသား စိုးမိုးမှုရန်ကို အံတုနေတဲ့ အိမ်တခုရှေ့က စာတမ်း ၊ ဓာတ်ပုံ - CJ Myanmar

မြို့တော် မန္တလေးဟာ မြောက်ဘက်က ရန်ကို ခံကတုတ်လုပ်ပြီး အမျိုးသားရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဟန့်တားလာပေးမယ့် အခုတော့ မန္တလေးဟာ တရုတ်မြို့တော်လည်းဖြစ်နေရပါတယ်။

အခုမြင်ရတဲ့ ပုံကတော့ CJ Myanmar ရဲ့ မန္တလေးက ပြည်ကြီး တရုတ် ရန်ကို အခုထိ ကာကွယ်နေဆဲ အမျိုးသားရေး စိတ်ဓာတ်အပြည့်ရှိတဲ့ ရွှေမန်းလေးက အိမ်တအိမ်လည်းဖြစ်ပါတယ်။

မန္တလေးက မြေကွက်တွေကို မြန်မာငွေကျပ် သိန်းပေါင်းများစွာနဲ့ ၀ယ်ရောင်းဖြစ်နေတာလည်း ကြာပါပြီတဲ့။ ဘ၀ ၀မ်းရေး အခက်အခဲတွေနဲ့မို့ မန်းလေးသားတွေလည်း တရုတ်တွေဆီက မြန်မာကျပ်ငွေတွေ ဆာလာအိတ်နဲ့ ထုတ်ပိုးပြီး တောဖက်နယ်ကို ပြောင်းပြေးနေကြရတာပါတဲ့။

ဒါပေမယ့် အခုထိ အမျိုးသားရေးအတွက် ဆက်လက် အံတုနေသူတွေလည်း ရှိနေဆဲပါ။ အခုဆို အလုပ်
လျှောက်ရင်လည်း တရုတ် စကား၊ စာ မတတ်ရင် အလုပ်ရှင်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အလုပ်မရပါဘူး။ အလုပ်ရပြန်တော့လည်း တချို့ဆို တရုတ်သူဌေးရဲ့ ခြေတော်တင်တာ ခံကြရပါသတဲ့။

မြန်မာ အမျိုးကောင်း သမီးတွေလည်း ပြည်ကြီးပေါက် တရုတ်အမျိုးသား သူဌေးများရဲ့ "သားမွေးသည်မ"
တွေအဖြစ်နဲ့ ရင်နာနာနဲ့ ဖြတ်သန်းနေကြရတယ်လို့ မန်းသားတချို့က ပြောလာပါတယ်။

မြန်မာမိန်းကလေးတွေ သားမွေးသည်မတွေအနေနဲ့ ဖြစ်နေတာ ကြာပါပြီတဲ့။ မန္တလေးမှာတင်မဟုတ်ပါဘူးတဲ့။ တရုတ်ပြည်မကြီးကိုလည်း မြန်မာမိန်းကလေးတွေကို သတို့သမီးလောင်းတွေအဖြစ်ရောင်းစားတဲ့ ဈေးကွက်က
လည်း တော်တော် ကျယ်ပြန့်နေပါတယ်လို့ တရုတ်-မြန်မာနယ်စပ်သတင်းတွေကလည်း ဆိုပါတယ်။

မန္တလေးကို ရောင်းစားခဲ့တာ ဘယ်သူတွေလည်း၊ မြန်မာအမျိုးသမီးတွေ သားမွေးသည်မတွေ ဖြစ်နေတာ ဘယ်သူတွေကြောင့်လည်း ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။

1 comments :

  1. a said... :

    စစ်အစိုးရအဆက်ဆက်ညံ့ဖျင်းလာဒ်စားလို့ဖြစ်တာပါ၊တရုတ်တွေရဲ့မြန်မာနိုင်ငံသားကဒ်မှာလက်မှတ်ထိုးထားတဲ့လူဝင်မှုအရာရှိနဲ့ကဒ်ပိုင်ရှင်ကိုထိေ၇ာက်စွာအရေးယူရမှာပါ၊ဒါကိုချိတ်ထမိန်ပြောင်းအစိုးရကဘာမှမလုပ်သေးပါဘူး၊လုပ်မှလည်းမဟုတ်ပါဘူး။ထိုင်းနိုင်ငံမှာမြန်မာ၎သန်းနီးပါးရှိပါတယ်မဲဆောက်မှာဆိုထိုင်းလူမျိုးထက်မြန်မာလူမျိုးကပိုများပါလိမ့်မယ်၊ဒါပေမဲ့ထိုင်းမှတ်ပုံတင်ရဖို့လုံးဝမဖြစ်နိုင်သလောက်ပါ၊ထိုင်းအရာရှိတွေလည်းလာဒ်စားပါတယ်၊ဒါပေမဲ့အသိဥာဏ်မဲ့လောက်အောင်တော့မညံ့ဖျင်းကြပါဘူး၊မန္တလေးကတရုတ်နဲ့ရခိုင်ဖက်ကကုလားကိစ္စကစစ်အစိုးရအဆက်ဆက်မတားခဲ့ဂရုမစိုက်ခဲ့ညံ့ဖျင်းခဲ့လို့အခုလိုအခြေအနေထိဖြစ်ကုန်တာပါ၊၀င်ခွင့်ပြုသူ၊ဒီလောက်အများကြီးဝင်နေတာကိုမသိချင်ယောင်ဆောင်သူအားလုံးကိုအရေးမယူသေးသမျှနောက်လည်းဆက်ရှိနေအုံးမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved