အမေရိကန် သံအမတ်ကြီးရဲ့ ရွှေတိဂုံ ပေါ်က မြင်ကွင်း

Tuesday, July 17, 2012



နှစ်ပေါင်း ၂၀ ကျော်ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး သံအမတ်ကြီးဖြစ် လာတဲ့ မစ္စတာ ဒဲရက်မစ်ချဲလ်နဲ့ ဇနီးဖြစ်သူတို့ဟာ မနေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးကို တက်ရောက်ကြည်ညိုခဲ့ပါ တယ်။



ဇနီးဖြစ်သူ တချိန်က ထိုင်ဝမ် ရုပ်မြင်သံကြား သတင်းထောက် လီဟွန်မင်း ခေါ် မင်းလီဟာ တနင်္ဂနွေ သမီးဖြစ်တာကြောင့် မွေးနံဒေါင့်မှာလည်း ရေသပ္ပါယ်ကုသိုလ်ယူခဲ့ပါသေးတယ်။




ဒဲရက်မစ်ချဲလ်ကတော့ ရွှေတိဂုံစေတီတော်မြတ်ဆီလာရောက် ကြည်ညိုတာကလည်း သံအမတ်တာဝန် စတင်ထမ်းရွက်တဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာကို အလေးဂရုပြုတဲ့အနေနဲ့ လာရောက် တာလည်းဖြစ်နိုင် ပါတယ်။




တရုတ်ရေးရာ ကျွမ်းကျင်သူ တဦးကို အခုလို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် အမေရိကန်က ခန့်အပ်လိုက်တာဟာ အမေရိကန်ရဲ့ တကွက်ရွှေ့ပြီး ခွချက် လုပ်တဲ့ စစ်တုရင် ကစားကွက်လို ဖြစ်နေတယ် ဆိုတာလည်း တချို့က ဆိုနေကြပါ တယ်။










1 comments :

  1. အောင်ကြူး said... :

    အမေရိကန် သံအမတ်ကြီး ခယ်မယူပြီး သံအမတ် မယားညီအကို လုပ်မယ်ကွ....။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved