ဘလက်ဘယ်ရီသစ် လာတော့မယ်

Friday, July 13, 2012




နမူနာ ဘလက်ဘယ်ရီ နဲ့ တွေ့ရတဲ့ RIM ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (ဓာတ်ပုံ - Reuters)

iPone၊ Android ဖုန်းတွေနဲ့ ယှဉ်နိုင်အောင် Device အသစ်တွေ ဖန်တီးနေပါပြီ လို့ ဘလက်ဘယ်ရီက ပြောလိုက်ပါတယ်။

ဒီလိုဖန်တီးနေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေ သည်းခံ စောင့်ဆိုင်းပေးကြပါအုံး လို့ ဘလက်ဘယ်ရီ ထုတ်လုပ်တဲ့ Research in Montion (RIM) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် သော်စတန်ဟိန်းစ်က မေတ္တာရပ်ခံလိုက်တာပါ။

အထက်က ပုံမှာ ပြထားတဲ့အတိုင်း ဆိုရင် ဘလက်ဘယ်ရီသစ်က အပေါ်ယံမှာတော့ တကယ်ပဲ ပုံစံပြောင်းနေပါပြီ။ ကီးဘုတ်ကို မမြင်ရတော့ပါဘူး။ ရုတ်တရက်ကြည့်ရင်
iPone တလုံးလိုပါပဲ။

ဘလက်ဘယ်ရီဟာ တချိန်ကတော့ စမတ်ဖုန်းလောကရဲ့ ရှေ့ဆောင်ဖြစ်ခဲ့ပါတယ်။ ခုတော့ iPone, Android Phone တို့လို အီးမေးလ်နဲ့ ဖုန်းခေါ်တာတွေအပြင် အများကြီးပိုလုပ်နိုင်တဲ့ စမတ်ဖုန်းတွေကို ဈေးကွက်မှာ ရှုံးနိမ့်နေပါပြီ။

သူ့ရဲ့ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့၊ သူ့တို့ထက်သာလွန်ဖို့ RIM ကုမ္ပဏီ က BlackBerry 10 ဆော့ဖ်ဝဲယာကို တီထွင်တာ ကြာပါပြီ။ ဒါပေမယ့် အခုထိ မပြီးသေးဘဲ ကြာပြီးရင်းကြာ ဖြစ်နေပါတယ်။

၂၀၁၃ ခုနှစ် ပထမ ၃ လ အတွင်းမှာ ဒီဆော့ဖ်ဝဲယာကို သုံးလို့ ရလိမ့်မယ်လို့ သော်စတန်ဟိန်းစ်က ဆိုပါတယ်။

ဒါပေမယ့် လေ့လာသုံးသပ်သူတွေကတော့ RIM အနေနဲ့ ဘလက်ဘယ်ရီကို ပြန်ဦးမော့လာအောင်လုပ်နိုင်ဖို့ အချိန်မရှိ တော့ဘူးလို့ ပြောကြပါတယ်။
BlackBerry 10 ကို ဒီနှစ် ပထမ ၃ လအတွင်းမှာ ထွက်လိမ့်မယ်လို့ သူတို့က မျှော်လင့်ထားတာကိုး။

ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ဘလက်ဘယ်ရီ ရောင်းအား ၄၁ ရာခိုင်နှုန်း ကျသွားပါတယ်။

ဒါကတော့ ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းပါ။

မူရင်းသတင်း အပြည့်အစုံကို irrawaddy.org/archives/8927 မှာ ဖတ်ရှုနိုင်ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved