ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ရုံးခွဲ

Monday, July 23, 2012

~


ဖွင့်မယ် ဖွင့်မယ် လို့ ကြေညာထားတဲ့ ကမ္ဘာ့ဘဏ်ရုံးခွဲကို ဒီလကုန်ပိုင်း ရန်ကုန်မှာ တကယ်ဖွင့်တော့မယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox လည်း မြန်မာပြည် လာမယ်၊ သြဂုတ် ၁ ရက်နေ့ ရန်ကုန်မှာ သတင်းထောက်တွေနဲ့ တွေ့မယ် တဲ့။

Cox will brief journalists on the World Bank’s work in Myanmar.

Date: Wednesday, August 1, 2012
Time: 11:30 AM – 12:00 noon Yangon Time, Myanmar
Place: To Be Confirmed (Yangon, Myanmar)

ရန်ကုန်မြို့ ဘယ်နေရာမှာ တွေ့မယ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး တဲ့။

ကမ္ဘာ့ဘဏ်အွန်လိုင်းမှာ တွေ့ရတဲ့ ကြေညာချက်တစောင်အရ ဆိုရင်
ဒီအမျိုးသမီးရဲ့ခရီးစဉ် နဲ့ ရုံးခွဲဖွင့်ရေးကို ပြီးခဲ့တဲ့လကတည်းက အကောင်အထည် ဖော်ဖို့ပါ။ ဘာကြောင့် နှောင့်နှေးသွားရတယ် ဆိုတာကိုတော့ မသိရသေးပါ။

အငယ်စား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် အလုပ်အကိုင်ဖန်တီးရေးကိုလည်း ကူညီမယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ အစပြုပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး အဆင့်မြင့် အရာရှိ လာရောက်ခြင်း ဖြစ်လာမှာပါ။

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved