အဟောင်းနဲ့ အသစ် လဲလှယ်ခြင်း အလှူ

Monday, July 9, 2012

သတင်း၊ ဓာတ်ပုံ-Zaw Lwin Win

ဖေ့စ်ဘုတ်ပေါ်က တွေ့ရတဲ့ မှတ်တမ်း တခုပါ။ အခုထိ အလွဲသုံးစားလုပ်နေတဲ့ မယ်တော်တွေ တော်တော် များနေ တာ သတိထားမိစေတဲ့ဖြစ်ရပ်တခုပါ။

မြန်မာစကားပုံတခုမှာ ရှိပါတယ်။ ကြက်တူရွေးက တော်တော် မယ်တော်က ကဲကဲ။ ဒါမျိုးတွေ နေရာတိုင်းမှာ ရှိနေတာတွေ့ရတယ်။

ဒါတွေကို တကယ်ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့သူတွေ က သိထားသင့်ကြပါတယ်။ အောက်ခြေမှာ အခုလို မျက်နှာလို မျက်နှာရ အလွဲသုံးစားလုပ်ရပ်တွေ ထုနဲ့ ဒေးရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။

Zaw Lwin Win ရဲ့ ဖေ့စ်ဘုတ်က ရေးသားထားတာက .......


မနေ့က ဒုက္ခသည်ပေါင်း ၈၃၄ ဦးရှိသော စစ်တွေမြို့ ဗုဒ္ဓမော်ကျောင်းတိုက် သို့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး လာရောက်မည်ဟူသည့် သတင်းကြားရပြီး ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းဟုဆိုကာ
ခေါက်ဆွဲခြောက် ခြောက်ပါကင်၊ အင်္ကျီအကောင်း ၁ ပါကင်၊ လာရောက်ပို့ဆောင်ခဲ့သည်။


ညနေပိုင်း အချိန်တွင်မူ လွှတ်တော် ဥက္ကဌကြီး မလာရောက်ဖြစ်တော့ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက အင်္ကျီအကောင်း ပါကင်အား အဟောင်းထုတ်ဖြင့် ပြန်လည် လဲလှယ်သွားကြောင်း လက်ကျန်ပစ္စည်းများကို လည်း လှူဒါန်းသည်ဟု အတိအကျ မပြောခဲ့သောကြောင့် မထိမတို့ရဲကြောင်း ကျောင်းထိုင် ဆရာတော် မှ ပြောသည်။


အဆိုပါ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စုပေါငး ၂၇၂ စု မှီခိုနေပြီး မီးလောင်မှုကြောင့် အိုးအိမ်ဆုံးရှုံးရသူ အိမ်ထောင်စုပေါင်း၂၀၃ စု ရှိသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved