ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ အလှူ

Thursday, July 5, 2012

ဓာတ်ပုံ- ဧရာဝတီ



ပြည်သူ့လွတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၄၁၀ ဦး တို့ဟာ ရခိုင်ပြည်နယ်မှာ လတ်တလော အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှု တခု လုပ်လိုက်ပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေ့စဉ် အသုံးစာရိတ် နိုင်ငံတော်က ထုတ်ပေးတာကို မသုံးဘဲ အခုလို ရခိုင် ပြည်နယ်က အကူအညီလိုအပ်နေသူတွေကို လှူဒါန်း လိုက်တယ်လို့ သတင်းရပါတယ်။



အခု ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးများမှာ ပြည်သူ့အတွက်၊ ပြည်သူ ကိုယ်စား၊ ပြည်သူ့အသံ အစ ရှိတဲ့ ပြည်သူ ဆိုတဲ့ စကားလုံးကို နိုင်ငံပိုင် သတင်းစဉ်တွေ ကြေညာတဲ့အခါ အကြိမ်များစွာ သုံးစွဲ ပြော ဆိုဆွေးနွေးခဲ့တာ သတိထားမိခဲ့တယ်။

ဒီကနေ့မှာတော့ အခုလို စကားလုံးတွေ အဖြစ်က ကျော်လွှားပြီ သူတို့ရဲ့ စေတနာတွေဟာ ပြည်သူ့အတွက် ဆိုတာ ဒီကနေ့ လက်တွေ့ မြင်သာခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved