“အရှင် ၀ိရသူရဲ့ ရခိုင်ကူညီရေး ခရီးစဉ်”

Friday, July 20, 2012






မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ ၊ မစိုးရိမ်) ဟာ ဇူလိုင်လ ၁၃ ရက်နေ့ စစ်တွေမှ တဆင့် မောင်းတောမြို့ကို ရောက်ခဲ့ပြီး ဒုက္ခသည် စခန်းတွေကို သွားရောက် ကူညီခဲ့တဲ့ မှတ်တမ်းပုံတချို့ပါ။

အဆိုပါ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ တည်းခိုခဲ့ကြပြီး မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့လည်း လိုက်ပါခဲ့ရာ ဇူလှိုင် ၁၄-ရက်နေ့မှာ မောင်တောမြို့ အထက (၁) ဒုက္ခသည် စခန်းကို ရောက်ရှိခဲ့ပြီး ဒုက္ခသည် စခန်းရှိ အိမ်ထောင်စု ၆၁-စု ကို တစ်စုလျှင် တစ်သောင်း ကျပ်စီ ထောက်ပံ့ ခဲ့ကြသည့်အပြင် ထမင်းချက် ဒန်အိုးကြီး ရှစ်လုံးအတွက် လိုအပ်သည့်ငွေကြေးများ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ကလည်း အဆိုပါ အိမ်ထောင်စု ၆၁-စုကို တစ်စုလျှင် ငါးထောင်ကျပ်နှင့် စောင် ၆၁-ထည်၊ ခြင်ထောင် ၆၁-လုံးတို့ကိုပါ လှူဒါန်းခဲ့ကြပါတယ်တဲ့။

ထို့နောက် နေ့လည်ပိုင်းတွင် အဆိုပါကူညီရေးအဖွဲ့ဟာ မောင်တောမြို့တွင် အကြမ်းဖက်ခံခဲ့ရသော သဇင် ဟိုတယ်၊ ElevenJurnal သတင်းထောက်ရဲ့ အိမ်အပြင် အကြမ်းဖက်မီးရှို့ခံခဲ့ရသော မောင်တောမြို့နယ် ဗိုလ်မှူးရွာ အတွင်းရှိ ဒေါက်တာ ခင်မောင်လတ်၏ နေအိမ်နှင့် အခြားမီးရှို့ခံခဲ့ရသော နေအိမ်များကို လည်း လေ့လာကြည့်ရှုခဲ့ကြပါသေးတယ်တဲ့။

လှူဒါန်းခဲ့တဲ့ အလှူစာရင်းကိုလည်းပေးပို့လာလို့ ဖော်ပြပေးလိုက်ပါတယ်။


၁၄.၇.၂၀၁၂-ရက်နေ့ ဆရာတော် အရှင်ဝီရသူ လှူဒါန်းငွေ
၁။ အထက(၁) ၆၁-စု ၆၁၀၀၀၀
၂။ ထမင်းချက်ဒန်အိုးကြီး ၈-လုံး ၁၂၀၀၀၀
၃။ အလယ်သံကျော် ၁၁၄-စု ၁,၁၄၀၀၀၀
၎။ ကိုယ်ဝန်ဆောင် ၁၁-ဦး ၁၁၀၀၀၀
၅။ နို့တိုက်မိခင် ၃-ဦး ၃၀၀၀၀
၆။ မျက်မမြင် ၁-ဦး ၁၀၀၀၀
၇။ (၉၂)အဖွားအို ၁-ဦး ၁၀၀၀၀
ပေါင်း ၂၀၃၀၀၀၀ိ/ကျပ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved