Google ရဲ့ လန်ဒန်အိုလံပစ် Doodle

Friday, July 27, 2012

~


ယနေ့ သောကြာနေ့ တရက်တာ Google ဖွင့်လိုက်လျှင် လန်ဒန်အိုလံပစ် အမှတ်တရ ဂရပ်ဖစ်ဒီဇိုင်းကို တွေ့ကြရမည် ဖြစ်သည်။

Doodle ဟု ခေါ်ဆိုသော ထိုဂရပ်ဖစ်တွင် အိုလံပစ်တွင် ပါဝင်သော ကစားပွဲတချို့ကို ပုံဖော်ထားသည်။

Google Doodle ပေါ်သို့ နှိပ်လိုက်လျှင် ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲတော်ဆိုင်ရာ အချက်အလက်များ ရှာဖွေပေးထားသည့် စာမျက်နှာသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ယနေ့သည် လန်ဒန်အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေ့ဖြစ်သည်။

ယခုနှစ်တွင် ပေါ်ပေါက်ခဲ့သော Google Doodle တို့ကို http://www.google.com/doodles/finder/2012/All%20doodles တွင် လေ့လာနိုင်သည်ကို တွေ့ရသည်။


ချာလီချက်ပလင် မွေးနေ့ အမှတ်တရ အပါအ၀င် ပြီးခဲ့သည့်နှစ်တွင် ပေါ်ပေါက်ခဲ့သော Google Doodleများ - http://www.google.com/doodles/finder/2011/All%20doodles

Google သည် နိုင်ငံတချို့၏ နေ့ထူးနေ့မြတ်များတွင် ထိုနိုင်ငံတွင်း အင်တာနက်သုံးသူများအတွက် သီးသန့်ရည်ရွယ်သည့် Doodle ကို ဖန်တီးလေ့ရှိသည်၊ ထိုသို့ ဖန်တီးသည့်အခါ တခြားနိုင်ငံများတွင် ထို Doodle ကို မြင်ရလေ့မရှိပေ။

ကမ္ဘာအရပ်ရပ်မှ စိတ်ဝင်စားဖွယ်ပုဂ္ဂိုလ်တို့၏ မွေးနေ့များ အမှတ်တရ Doodle တို့ကိုမူ တကမ္ဘာလုံးအတွက် ရည်ရွယ်သည်။

ယခု ဖန်တီးသည့် လန်ဒန်အိုလံပစ် Doodle ကို အာရှနိုင်ငံများက ဦးစွာ မြင်တွေ့ရမည် ဖြစ်သည်။ အိုလံပစ်အိမ်ရှင် ဗြိတိန်၊ မိုးမခ အခြေစိုက်ရာ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများတွင် အချိန်က ကြာသပတေးနေ့ည ဖြစ်နေသောကြောင့် မြင်တွေ့ရဦးမည်မဟုတ် ဟု သိရသည်။


တတိယမြောက် Doodle တွင် ဆင်ဆာဖြတ်တောက်ခြင်းကို ပုံဖော်ထားသည်ကို တွေ့မြင်ရသည်


ညွှန်း - မိုးမခ - http://moemaka.blogspot.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved