တိတ် (Titra)

\*.*/ ဂျပန်ဂီတအဖွဲ့ World Order \*.*/
အဆိုတော်က သီချင်းဆိုရင်း ကတာ၊ အဆိုတော်နဲ့အတူ အကအဖွဲ့ပါပြီး ဆိုလိုက် ကလိုက် လုပ်ကြတာ၊ အဖွဲ့လိုက် ဆိုရင်း ကကြတာတွေက ဒီနောက်ပိုင်း ဂီတလောကမှာ လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်လာတာပါ။
အဲ့ဒီတော့ အသစ်အသစ်ဖွဲ့ကြတဲ့ ဖွဲ့ကြတဲ့အဖွဲ့တွေအနေနဲ့ သူများနဲ့မတူအောင်၊ သူများထက်ပိုထူးအောင် ကကွက်တွေထွင်ကြ၊ နည်းပညာတွေအသုံးပြုကြတာပေါ့။
ဒီအဖွဲ့တွေထဲမှာ ကိုယ်ပိုင်သီချင်းတွေကို တိုက်ကွက်အခြေခံ ကကွက်တွေနဲ့ သရုပ်ဖော်တဲ့ ဂျပန်ဂီတအဖွဲ့ World Order က စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အဖွဲ့ခေါင်းဆောင် ဂန်ကီဆူဒို ဟာ ကိုယ်ခံပညာရှင်နဲ့ လက်ဝှေ့သမားဖြစ်ခဲ့သူပါ။ သူ့အဖွဲ့ရဲ့သီချင်းတွေကို သူက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပါတယ်။
ရှိသမျှ ကိုယ်ခံပညာတွေကို အနုပညာနဲ့တင်ဆက်ဖို့ စိတ်အားထက်သန်တယ် လို့လည်း သူက ပြောခဲ့ဖူးပါတယ်။
သူတို့ရဲ့ ဝက်ဘ်ဆိုဒ်ကတော့ worldorder.jp ဖြစ်ပါတယ်။
World Order ရဲ့ သီချင်းတွေထဲက Aquarius သီချင်းလေးကို ခံစားကြည့်ကြပါစို့။
0 comments :
Post a Comment