Apple နဲ့ Samsung လျော်ကြေး ဒေါ်လာ သန်း ၁ ထောင်ကျော်

Monday, August 27, 2012



နည်းပညာ ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ Apple နဲ့ Samsung Galazy S3 တို့ ပြဿနာကတော့ အတော် ကမ္ဘာကျော်နေပါတယ်။ Samsung က Apple ကို နည်းပညာတွေ တုယူသုံးစွဲ ခဲ့တာတွေကြောင့် လျော်ကြေး အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ကျော် ပေးလျော်ရတော့မယ်လို့ အမေရိကန် တရားရုံးက လွန်ခဲ့ တဲ့ သောကြာနေ့က ဆုံးဖြတ်လိုက်တာပါ။

ဆမ်ဆောင်းဟာ အက်ပဲရဲ့ နည်းပညာ မူပိုင်ခွင့်တွေကို ကူးယူပြီး သုံးခဲ့လို့ အခုလို ကယ်လီဖိုးနီးယား တရားရုံးက ဆုံးဖြတ်ချက်ချခဲ့တာကို ဆမ်ဆောင်းဘက်က အယူခံ ၀င်မယ်လို့ ဆိုပါတယ်။
ဆမ်ဆောင်းဟာ Apple ဆီက ဘာတွေ ဘယ်လို တုပတယ်ဆိုတာ ထင်ရှားစေတဲ့ ရုပ်သံပြကွက်ကလေး တခုကို ကြည့်လိုက်ရင်တော့ သဲကွဲသွားမယ်ထင်ပါတယ်။ Samsung Galaxy S3 နဲ့ Apple iPhone တို့ ဘာတွေ တူညီနေကြလဲ ၊ ခံနိုင်ရည် ရှိမှုတူညီတာတော့ ဒီရုပ်သံ ပြကွက်က ဖော်ကြူးထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved