၉ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

Sunday, August 19, 2012




မောင်မောင်မြင့်သန်းမောင် ~


ဇန်နဝါရီလ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

ဇန်နဝါရီလ ၉ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းမှာ ၉ ဂဏန်းဖြစ်သည်။
မည်သည့်လတွင်မဆို ၉ရက်၊ ၁၈ရက်နှင့် ၂၇ရက်တို့တွင် အရေးကြီးသော လုပ်ငန်းကိစ္စ၊ အကြံအစည်များကို ပြုလုပ်သင့်သည်။ ထီထိုးသင့်သည်။
အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီ စသည့် နံပါတ်များကို ကဏန်းများအားလုံး ပေါင်းရကိန်း ၉ ဂဏန်းရသော နံပါတ်များကို ရွေးချယ်သင့်သည်။
ထီအက္ခရာစသည့် အက္ခရာများ ကိုရွေးချယ်လိုလျှင် ဈ၊ ဒ၊ ရ အက္ခရာ များကိုရွေးချယ်သင့်သည်။

မိမိတို့အတွက် ၄ ဂဏန်းနှင့် ၈ ဂဏန်းများ၊ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်များသည်လည်း အရေးပါသော်လည်း ကောင်းကျိုးပေး မည်မဟုတ်သဖြင့် ရှောင်ကြဉ်သင့် သည်။
အနီရောင်၊ ပန်းရောင်၊ ကြက် သွေးရောင်ရှိသည့် အဝတ်အထည်၊ ယာဉ်ကား၊ အသုံးအဆောင်ပစ္စည်း များကို ရွေးချယ်ဝတ်ဆင်အသုံးပြု သင့်သည်။

မိမိနှင့်ပတ်သက်သော ပတ္တမြား၊ ကျောက်နီနှင့် ဂါးနက်ကျောက်(ဂေါ် မုတ်မျိုး)တို့ကို ထာဝရ အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့် သည်။
မည်သည့်လတွင်မဆို ၃၊ ၆ နှင့် ၉ ဂဏန်းရက်များတွင် မွေးဖွားသူ များအပေါ် ဆွဲဆောင်မှုရှိမည်။
ဘဝတစ်သက်တာတွင် အရေး ကြီးသော အထူးအရေးကြုံသော အသက်နှစ်များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂၊ ၈၁ နှင့် ၉ဝ နှစ် များဖြစ်ကြသည်။

ဖေဖော်ဝါရီလ ၉၊ ၁၈ နှင့် ၂၇ ရက်များတွင်မွေးဖွားသူများ

ဖေဖော်ဝါရီလ ၉ ဂဏန်းရက် ဖွားများအတွက် ၉ ဂဏန်းမှာ အရေးကြီးသောဂဏန်းဖြစ်သည်။
၉ ဂဏန်းသည် မိမိအားအကျိုး ပေးကောင်းသောဂဏန်းဖြစ်၍ နံပါတ် ဂဏန်းများအားလုံးပေါင်းရကိန်း ၉ ဂဏန်းရသော အိမ်ခြံတွင်နေထိုင်သင့် သည်။ ၉ ဂဏန်းရသော ယာဉ်ကား ကိုအသုံးပြုသင့်သည်။ ၉ ဂဏန်းရ သော ထီနံပါတ်ကို ကံစမ်းသင့်သည်။
ဈ၊ ဒ နှင့် ရ အက္ခရာစသည့် အက္ခရာများအဖြစ် ရွေးချယ်သင့် သည်။

မည်သည့်လတွင်မဆို ၉ ရက်၊ ၁၈ ရက်နှင့် ၂၇ ရက်များတွင် လုပ် ငန်းအကြံအစည်များလုပ်ဆောင်ပါက ကံကောင်းမည်။
အဝတ်အထည်၊ ယာဉ်ကားနှင့် အခြားအသုံးအဆောင် အရောင်း အဝယ်များအဖြစ် အနီရောင်၊ ကြက် သွေးရောင်နှင့် ပန်းရောင်များကို ရွေး ချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
ပတ္တမြား၊ ကျောက်နီနှင့် ဂါးနက်ကျောက်(ဂေါ်မုတ်မျိုး) တို့သည် မိမိနှင့် ဓာတ်တည့်သဖြင့် ထာဝရ အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားပါ။

ဖေဖော်ဝါရီလ ၂၇ ရက်ဖွားဖြစ်ပါက အထက်ဖော်ပြပါ အရောင်များနှင့် ကျောက်မျက်များအပြင် ခရမ်းရောင်၊ ခရမ်းနုရောင်၊ မရမ်းပြာရောင်များသည်လည်း ကံကောင်းစေတတ်သဖြင့် ရွေးချယ်ဝတ်ဆင် အသုံးပြုသင့်သည်။ အဆောင်ရတနာအဖြစ် ခရမ်းရောင် သလင်းကျောက်ကိုလည်း အမြဲ ဝတ်ဆင်ထားနိုင်သည်။
ဖေဖော်ဝါရီလ ၉ ရက်နှင့် ၁၈ ရက်ဖွားများသည် ၈ နှင့် ၉ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။ ဖေဖော်ဝါရီလ ၂၇ ရက်ဖွားဖြစ်လျှင် ၃ နှင့် ၉ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
ဘဝတစ်သက်တာတွင် အရေး ကြီးသော အထူးအရေးကြုံသော အသက်နှစ်များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၆၃၊ ၇၂ နှင့် ၈၁ နှစ်များဖြစ် ကြသည်။

မတ်လ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

မတ်လ ၉ ဂဏန်းရက်ဖွားများ အတွက် ၃ ဂဏန်းနှင့် ၉ ဂဏန်းတို့ သည်အရေးကြီးသော ဂဏန်းများ ဖြစ်သည်။
၎ နှင့် ၈ဂဏန်းများသည် မိမိ အတွက်အရေးကြီးသည်။ သို့သော် မိမိအား အကျိုးမပြုသောဂဏန်းများ ဖြစ်သဖြင့် ရှောင်ကြဉ်သင့်သည်။

မည်သည့်လတွင်မဆို ၃၊ ၉၊ ၁၂၊ ၁၈၊ ၂၁၊ ၂၇ နှင့် ၃ဝ ရက်များ တွင်အရေးကြီးသော လုပ်ငန်းကိစ္စ၊ အကြံအစည်များကိလုပ်ဆောင်သင့် သည်။
နံပါတ်ဂဏန်းများ အားလုံး ပေါင်းရကိန်း ၃ နှင့် ၉ ဂဏန်းရရှိ သော လမ်းအမှတ်၊ ရပ်ကွက်အမှတ်၊ အိမ်၊ ခြံ၊ ယာဉ်ကား ထီနံပါတ်များ ကိုရွေးချယ်သင့်သည်။ ၄ နှင့် ဂဏန်း ရရှိသော လမ်းရပ်ကွက်၊ အိမ်၊ ခြံတို့ တွင် မနေသင့်၊ ယာဉ်ကားအသုံးမပြု သင့် ထီနံပါတ်မထိုးသင့်။
ထီအက္ခရာ စသည့်အက္ခရာများ ကို ဂ၊ ဈ၊ ဋ္ဌ၊ ဒ၊ ပ၊ ရ နှင့် သ အက္ခရာများကိုရွေးချယ်ပါ။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်များ အရေးကြီးသောလုပ်ငန်းဆောင်တာ များမလုပ်ကိုင်သင့်။ ရှောင်ကြဉ်ရန် အခက်အခဲရှိပါက အထူးသတိထား ပြီးလုပ်ကိုင်ဆောင်ရွက်ပြောဆိုပြုမူ သင့်သည်။
အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ ခရမ်းနုရောင် မရမ်းပြာရောင်များနှင့် ဓာတ်တည့် သဖြင့် အဆိုပါအရောင်အသွေးရှိသည့် အဝတ်အထည်များကို ဝတ်ဆင်ပါ။ ယာဉ်ကားနှင့် အခြားအသုံးအဆောင် ပစ္စည်းအရောင်များအဖြစ် ရွေးချယ် သုံးစွဲပါ။
မိမိတွင်ကံကောင်းသော မိမိနှင့်ဓာတ်တည့်သော ပတ္တမြား၊ ကျောက်နီ၊ ခရမ်းရောင်သလင်းကျောက်နှင့် ဂါးနက်ကျောက်(ဂေါ်မုတ်မျိုး) တို့ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားပါ။
မည်သည့်လတွင်မဆို ၁၊ ၃၊ ၆ နှင့် ၉ ဂဏန်းရက်မွေးဖွားများသူ များနှင့် အဆင်ပြေသင့်မြတ်မည်။

ဘဝတစ်သက်တာအတွက် အရေးကြီးသော၊ အထူးအရေးအရာ ကြုံသောနှစ်များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၆၃၊ ၇၂ နှင့် ၈၁ နှစ်များ ဖြစ်ကြသည်။

ဧပြီလ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

ဧပြီလ ၉ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၁ ဂဏန်းနှင့် ၉ ဂဏန်းများ ဖြစ်သည်။
နံပါတ်များအားလုံးပေါင်းရ ကိန်း ၁ နှင့် ၉ ဂဏန်းရရှိသော လမ်းအမှတ် ရပ်ကွက်အမှတ် အိမ်၊ ခြံ၊ ယာဉ်ကားအမှတ် ထီနံပါတ်များ ကို ရွေးချယ်သင့်သည်။
ထီအက္ခရာစသည့်အက္ခရာများ ဖြစ်သော က၊ ဈ၊ ည၊ ဓ၊ ရ နှင့် လ အက္ခရာများကို ရွေးချယ်ပါ။

မည်သည့်လတွင်မဆို ၁၊ ၉၊ ၁ဝ၊ ၁၉၊ ၂၇ နှင့် ၂၈ ရက်များတွင် အရေးကြီးသောလုပ်ငန်းဆောင်တာ များကိုလုပ်ဆောင်သင့်သည်။
မိမိနှင့်ဓာတ်တည့်သော မိမိအား ကံကောင်းစေသော အနီရောင်၊ ကြက် သွေးရောင်၊ ပန်းရောင်၊ ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ကြေးညို ရောင်၊ ညိုရွှေရောင်များကိုဝတ်ဆင် အသုံးပြုသင့်သည်။
ဧပြီလ ၂၇ ရက်ဖွားဖြစ်ပါက အထက်ဖော်ပြပါ အရောင်များအပြင် အပြာရောင်(အနု-အရင့်)ကို ဝတ် ဆင်အသုံးပြုပါ။

အဆောင်ရတနာအဖြစ် မိမိနှင့် ဓာတ်တည့်သော မိမိအား ကံကောင်းစေသည့် ပတ္တမြား၊ ကျောက်နီ၊ ဂါးနက်ကျောက် (ဂေါ်မုတ်မျိုး)၊ စိန်ဥဿဖယားနှင့် ပယင်းတို့ကို အမြဲ ဝတ်ဆင်ထားပါ။
ဧပြီလ ၂၇ ရက်ဖွားဖြစ်ပါက အထက်ဖော်ပြပါကျောက်များအပြင် နီလာနှင့် အခြားအပြာရောင်ရှိသည့် ကျောက်မျက်များကို အဆောင်ရ တနာအဖြစ် အမြဲဝတ်ဆင်ထားနိုင် သည်။
မည်သည့်လတွင်မဆို ၁ ဂဏန်း နှင့် ၉ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိမည်။
မိမိဘဝတစ်သက်တာအတွက် အရေးကြီးသော အထူးအရေးအရာ ကြုံသော အသက်နှစ်များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃ နှင့် ၇၂ နှစ်များဖြစ်ကြသည်။

မေလ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

မေလ ၉ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ကဏန်း များမှာ ၆ ဂဏန်းနှင့် ၉ ဂဏန်း များဖြစ်ကြသည်။ နံပါတ်ဂဏန်း များအားလုံးပေါင်းရကိန်း ၆ နှင့် ၉ ဂဏန်းရရှိသောလမ်း၊ ရပ်ကွက်၊ အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီနံပါတ်များကိုရွေး ချယ်ပါ။
ထီအက္ခရာစသည့်အက္ခရာများ ဖြစ်သော စ၊ ဈ၊ ဏ၊ ဒ၊ ဆနှင့် ရ အက္ခရာများကို ရွေးချယ်ပါ။

မည်သည့်လတွင်မဆို ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄ နှင့် ၂၇ ရက်များတွင် အရေးကြီးသောလုပ်ငန်းကိစ္စ ချိန်းဆို ဆွေ့ဆုံမှုများကို ပြုလုပ်ပါ။
အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်၊ အပြာရောင်၊ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်များသည် မိမိနှင့်ဓာတ်တည့်သည် မိမိအားကံ ကောင်းစေသည် ရွေးချယ်အသုံးပြု ပါ။
မေလ ၂၇ ရက်များဖြစ်ပါက အထက်ဖော်ပြပါအရောင်များအပြင် အရောင်နုနု ဖျော့ဖျော့ အရောင်အသွေး ရှိသော အဝတ်အထည်၊ ယာဉ်ကား နှင့် အခြားအသုံးအဆောင်ပစ္စည်းများ ကိုဝတ်ဆင်အသုံးပြုပါ။
အဆောင်ရတနာအဖြစ် ပတ္တမြား၊ ကျောက်နီ၊ဂါးနက် ကျောက်(ဂေါ်မုတ်ကျောက်)၊ အစိမ်း ရောင်ထိုးသည့် အပြာရောင်ကျောက် မျက်မျိုး၊ မြ၊ အစိမ်းရောင်ကျောက် စိမ်း၊ လကျောက်(မြော)၊ စိန်တို့ကို အမြဲဝတ်ဆင်ထားပါ။
မည်သည့်လတွင်မဆို ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄ နှင့် ၂၇ ရက်တွင် မွေးဖွားသူများအပေါ်ဆွဲဆောင်မှုရှိ သည်။

မေလ ၂၇ ရက်ဖွားဖြစ်ပါက ၅၊ ၁၄နှင့် ၂၃ ရက်တွင် မွေးဖွားသူ များအပေါ်လည်း ဆွဲဆောင်မှုရှိမည်။
ဘဝသက်တမ်း တစ်လျှောက် တွင် အရေးကြီးသော အထူးအရေး အရာကြုံသော အသက်နှစ်များမှာ ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄၊ ၂၇၊ ၃၃၊ ၃၆၊ ၄၂၊ ၄၅၊ ၅၁၊ ၅၄၊ ၆ဝ၊ ၆၃၊ ၆၉ နှင့် ၇၂ နှစ်များဖြစ်ကြသည်။

ဇွန်လ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

ဇွန်လ ၉ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၅ နှင့် ၉ ဂဏန်းများဖြစ်သည်။ ဇွန်လ ၂၇ ရက်ဖွားဖြစ်ပါက ၅ နှင့် ၉ ဂဏန်းအပြင် ၂နှင့် ၇ ဂဏန်းများ သည်လည်း အရေးကြီးသည်။
နံပါတ်ဂဏန်းများအားလုံး ပေါင်းရကိန်း ၅ နှင့် ၉ ဂဏန်းရရှိ သော လမ်း၊ ရပ်ကွက်၊ အိမ်၊ ခြံ၊ ယာဉ်ကားနှင့် ထီနံပါတ်များကို ရွေးချယ်အသုံးပြုပါ။
ဇွန်လ ၂၇ ရက်ဖွားဖြစ်ပါက ၅ နှင့် ၉ ဂဏန်းအပြင် ၂ နှင့် ၇ ဂဏန်းရရှိသော နံပါတ်များကိုလည်း ရွေးချယ်အသုံးပြုသင့်သည်။

မည်သည့်လတွင်မဆို ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃ နှင့် ၂၇ ရက်များတွင် အရေးကြီးသော လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်ပါ။
ဇွန်လ ၂၇ ရက်ဖွားဖြစ်ပါက အထက်ဖော်ပြပါ ၅ နှင့် ၉ ဂဏန်း ရက်များအပြင် ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက်များတွင်လည်း အရေးကြီးသော လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်နိုင်သည်။
အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်နှင့် အခြားရောင်နုနုဖျော့ ဖျော့များကိုရွေးချယ်ဝတ်ဆင်အသုံး ပြုပါ။
ဇွန်လ ၂၇ ရက်ဖွားဖြစ်ပါက အထက်ဖော်ပြပါ အရောင်များအပြင် အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင် များကိုရွေးချယ်ဝတ်ဆင်သုံးစွဲနိုင်သည်။

အဆောင်ရတနာအဖြစ် ပတ္တမြား၊ ကျောက်နီ၊ ဂါးနက် ကျောက်(ဂေါ်မုတ်ကျောက်)၊ စိန် တို့ကိုအမြဲဝတ်ဆင်ထားပါ။
ဇွန်လ ၂၇ ရက်ဖွားဖြစ်ပါက အထက်ပါ ကျောက်မျက်ရတနာများ အပြင် ပုလဲ၊ လကျောက်(မြော)နှင့် ကြောင်မျက်လုံး ကျောက်တို့ကိုလည်း အဆောင်အဖြစ် အမြဲဝတ်ဆင်ထားနိုင်သည်။
မည်သည့်လတွင်မဆို ၅ နှင့် ၉ ဂဏန်းရက်များတွင် မွေးဖွားသူ များနှင့် သင့်မြတ်မည်။ ဇွန်လ ၂၇ ရက်ဖွားဖြစ်ပါက ၂ နှင့် ၇ ဂဏန်း ရက်ဖွားများနှင့်လည်း သင့်မြတ်နိုင် သည်။
ဘဝတစ်သက်တာအတွက် အရေးကြီးသော အထူးအရေးအရာ ကြုံသော အသက်နှစ်များမှာ ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃၊ ၂၇၊ ၃၂၊ ၃၆၊ ၄၁၊ ၄၅၊ ၅ဝ၊ ၅၄၊ ၅၉၊ ၆၃၊ ၆၈နှင့် ၇၂ နှစ်များဖြစ်ကြသည်။

ဇူလိုင်လ ၉၊ ၁၈ နှင့် ၂၇ ရက်များ တွင်မွေးဖွားသူများ

ဇူလိုင်လ ၉ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းများမှာ ၂ ဂဏန်း၊ ၇ ဂဏန်းနှင့် ၉ ဂဏန်းဖြစ်သည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၉၊ ၁၁၊ ၁၆၊ ၁၈၊ ၂ဝ၊ ၂၅၊ ၂၇ နှင့် ၂၉ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို လုပ်ဆောင်သင့် သည်။ ထီထိုးသင့်သည်။
ဇူလိုင်လ ၂၇ ရက်တွင် မွေးဖွား သူဖြစ်ပါက အရေးကြီးသော ဂဏန်း များမှာ ၁ ဂဏန်း၊ ၄ ဂဏန်းနှင့် ၉ ဂဏန်းများဖြစ်ကြသည်။ သို့ဖြစ်၍ မည်သည့်လတွင်မဆို ၁၊ ၄၊ ၉၊ ၁ဝ၊ ၁၃၊ ၁၈၊ ၁၉၊ ၂၂၊ ၂၇၊ ၂၈ နှင့် ၃၁ ရက်များတွင် အရေးကြီးသော လုပ် ငန်းကိစ္စများကိုလုပ်ဆောင်သင့်သည်။ ထီထိုးသင့်သည်။
ဇူလိုင်လ ၂၇ ရက်တွင်မွေးဖွား သူဖြစ်ပါက အရေးကြီးသော ဂဏန်း များမှာ ၁ဂဏန်း၊ ၄ဂဏန်းနှင့် ၉ ဂဏန်းများဖြစ်ကြသည်။

သို့ဖြစ်၍ မည်သည့်လတွင်မဆို ၁၊ ၄၊ ၉၊ ၁ဝ၊ ၁၃၊ ၁၈၊ ၁၉၊ ၂၂၊ ၂၇၊ ၂၈နှင့် ၃၁ ရက်များတွင် အရေး ကြီးသော လုပ်ငန်းကိစ္စများကိုပြုလုပ် သင့်သည်။
ဇူလိုင်လ ၉ဂဏန်းရက်ဖွားများ သည် အိမ်၊ ခြံ၊ လမ်း၊ ရပ်ကွက်၊ ယာဉ်၊ ကား၊ ထီနံပါတ် စသည့်နံ ပါတ်များကိုရွေးချယ်လိုလျှင် ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၇ သို့မဟုတ် ၉ ဂဏန်း ရသောနံပါတ်များကို ရွေးချယ်သင့် သည်။
ဇူလိုင်လ ၂၇ ရက်မွေး ၉ဂဏန်း ရက်ဖွားဖြစ်ပါက ၁ ဂဏန်း၊ ၄ ဂဏန်းနှင့် ၉ ဂဏန်းရသော အိမ်၊ ခြံ၊ လမ်းရပ်ကွက်၊ ယာဉ်ကား ထီ နံပါတ်များကို ရွေးချယ်သင့်သည်။
ဇူလိုင်လ ၉ ဂဏန်းရက်ဖွား များသည် ထီအက္ခရာစသည့်အက္ခရာ များကိုရွေးချယ်လိုလျှင် ခ၊ ဆ၊ ဈ၊ ဋ၊ တ၊ ဒ၊ န၊ မ၊ ရ နှင့် ဝအက္ခရာ များကိုရွေးချယ်သင့်သည်။
ဇူလိုင်လ ၉ဂဏန်းရက်ဖွားများ အတွက် ကံနိမိတ်ကောင်းစေသော အရောင်များမှာ အဖြူရောင်၊ နို့နှစ် ရောင်၊ အစိမ်းရောင်၊ ခိုပြာရောင်၊ အနီ ရောင်၊ ကြက်သွေးရောင်နှင့် ပန်ရောင် တို့ဖြစ်ကြသည်။
အဆိုပါ အရောင်အဆင်းရှိသည့် အဝတ်အထည်၊ ယာဉ်ကားနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။

ဇူလိုင်လ ၂၇ ရက်မွေး ၉ ဂဏန်းရက်ဖွားဖြစ်ပါက ရွှေရောင်၊ အဝါရောင်၊ ညိုရွှေရောင်၊ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်တို့ကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
ဇူလိုင်လ ၉ ဂဏန်းရက်ဖွားများ အားလုံးအတွက် ဓာတ်တည့်သော ရတနာများမှာ ပတ္တမြား၊ ကျောက်နီ၊ ဂါးနက်ကျောက်၊ ပုလဲ၊ လကျောက် (မျော)နှင့် ကျောက်စိမ်းတို့ဖြစ်ကြ သည်။
အဆိုပါ ကျောက်မျက်များကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားသင့်သည်။

မည်သည့်လတွင်မဆို ၉၊ ၁၈ နှင့် ၂၇ ရက်မွေးဂဏန်းရက်ဖွားများ အပေါ် ဆွဲဆောင်မှုရှိမည်။
ဇူလိုင်လ ၉ ဂဏန်းရက်ဖွားများ အားလုံးအတွက် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ် ပျက်တတ်သော အသက်နှစ်များမှာ ၁၊ ၉၊ ၁ဝ၊ ၁၈၊ ၁၉၊ ၂၇၊ ၂၈၊ ၃၆၊ ၄၅၊ ၄၆၊ ၅၄၊ ၅၅၊ ၆၃၊ ၆၄၊ ၇၂ နှင့် ၇၃ နှစ်များဖြစ်ကြသည်။

သြဂုတ်လ ၉၊ ၁၈ နှင့် ၂၇ ရက်များတွင်မွေးဖွားသူများ

သြဂုတ်လ ၉ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသောဂဏန်း မှာ ၁ ဂဏန်းနှင့် ၉ ဂဏန်းတို့ဖြစ် သည်။
မည်သည့်လတွင်မဆို ၁၊ ၉၊ ၁ဝ၊ ၁၈၊ ၁၉၊ ၂၇ နှင့် ၂၈ ရက်များ တွင် အရေးကြီးသောလုပ်ငန်းကိစ္စ များကို ဆောင်ရွက်သင့်သည်။ ထီ ထိုးသင့်သည်။
အိမ်၊ ခြံ၊ လမ်း၊ ရပ်ကွက်၊ ယာဉ် ကား ထီနံပါတ်စသည့်နံပါတ်များကို ရွေးချယ်လိုလျှင် နံပါတ်ကဏန်းများ အားလုံးပေါင်းရကိန်း ၁ ဂဏန်းနှင့် ၉ ဂဏန်းရသော နံပါတ်များကို ရွေး ချယ်သင့်သည်။
ထီအက္ခရာစသည့် အက္ခရာများ ကို ရွေးချယ်လိုလျှင် က၊ ဈ၊ ည၊ ဒ၊ ဓ၊ ရ နှင့် လ အက္ခရာများကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင် များမှာ ရွှေရောင်၊ အဝါရောင်၊ လိမ္မော် ရောင်၊ ညိုရွှေရောင်၊ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်တို့ဖြစ် သဖြင့် အဆိုပါအရောင်အသွေးရှိသည့် အဝတ်အထည်၊ ယာဉ်ကားနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
မိမိတို့အတွက် ကံနိမိတ်ကောင်း စေသော မိမိတို့နှင့် ဓာတ်တည့်သော ကျောက်မျက်ရတနာများဖြစ်သည့် စိန်၊ ပတ္တမြား၊ ဂါးနက်ကျောက်၊ ဥဿဖယားနှင့် ကျောက်နီတစ်မျိုးမျိုး ကို အဆောင်ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၁ ဂဏန်းနှင့် ၉ ဂဏန်းရက် ဖွားများနှင့်သင့်မြတ်မည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုးအပြစ် ထူးထူးခြား ခြားဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃ နှင့် ၇၂ နှစ်များဖြစ်ကြ သည်။

စက်တင်ဘာလ ၉၊ ၁၈ နှင့် ၂၇ ရက်များတွင်မွေးဖွားသူများ

စက်တင်ဘာလ ၉ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၅ ဂဏန်းနှင့် ၉ ဂဏန်းများ ဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၅၊ ၉၊ ၁၄၊ ၁၈၊ ၂၃ နှင့် ၂၇ ရက်များသည် မိမိအတွက်အရေးကြီးသည်။ အဆိုပါ ရက်များတွင် အရေးကြီးသောလုပ်ငန်း ကိစ္စများကို ဆောင်ရွက်သင့်သည်။
စက်တင်ဘာလ ၂၇ ရက်မွေး ၉ ဂဏန်းရက်ဖွားဖြစ်ပါက ၆ ဂဏန်း နှင့် ၉ ဂဏန်းတို့သည် အရေးကြီး သောဂဏန်းများဖြစ်ကြသည်။

စက်တင်ဘာလ ၂၇ ရက်မွေး ၉ ဂဏန်းရက်ဖွားများသည် ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄ နှင့် ၂၇ ရက်များတွင် အရေးကြီးသောလုပ်ငန်းဆောင်တာများ ကို အကောင်အထည်ဖော်သင့်သည်။
စက်တင်ဘာလ ၉ ဂဏန်းရက် ဖွားများသည် အိမ်၊ ခြံ၊ လမ်း၊ ရပ် ကွက်၊ ယာဉ်ကား ထီနံပါတ်စသည့် နံပါတ်များကို ရွေးချယ်လိုလျှင် နံပါတ်ဂဏန်းများ အားလုံးပေါင်းရ ကိန်း ၅ ဂဏန်းနှင့် ၉ ဂဏန်းရသော နံပါတ်များကိုရွေးချယ်သင့်သည်။
ထီအက္ခရာ စသည့်အက္ခရာများ ကိုရွေးချယ်လိုသောအခါ င၊ ဈ၊ ဎ၊ ဒ၊ ဗ နှင့် ရ အက္ခရာများကို ရွေး ချယ်သင့်သည်။

စက်တင်ဘာလ ၂၇ ရက်မွေး ၉ ဂဏန်းရက်ဖွားဖြစ်ပါက ၆ ဂဏန်းနှင့် ၉ ဂဏန်းရသော အိမ်၊ ခြံ၊ လမ်း၊ ရပ်ကွက်၊ ယာဉ်၊ ကား၊ ထီနံပါတ် စသည့်နံပါတ်များကို ရွေး ချယ်သင့်သည်။ စ၊ ဈ၊ ဏ၊ ဒ၊ ဘ နှင့် ရ အက္ခရာများကို ထီအက္ခရာ စသည့်အက္ခရာများကို ရွေးချယ်လို သောအခါ ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော အရောင် များမှာ အရောင်နုနု၊ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်တို့ ဖြစ်ကြသည်။

အဆိုပါ အရောင်နုနု အဆင်အသွေးရှိသော အဝတ်အထည် ယာဉ်ကားနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရွေးချယ်ဝတ်ဆင် အသုံးပြုသင့်သည်။
ကံနိမိတ်ကောင်းသော၊ ဓာတ်တည့်သော ပတ္တမြား၊ ကျောက်နီ၊ စိန်၊ မဟူရာနှင့် ဂါးနက်ကျောက် တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၃ ဂဏန်း၊ ၆ ဂဏန်းနှင့် ၉ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိမည်။
ဘဝတစ်သက်တာတွင် အရေး ကြီးသော အကျိုးအပြစ် ထူးထူးခြား ခြားဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ နှင့် ၈၁ နှစ်တို့ဖြစ်ကြ သည်။

အောက်တိုဘာလ ၉၊ ၁၈ နှင့် ၂၇ ရက်များတွင်မွေးဖွားသူများ

အောက်တိုဘာလ ၉ ဂဏန်း ရက်ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၆ ဂဏန်းနှင့် ၉ ဂဏန်းများ ဖြစ်သည်။
အရေးကြီးသော လုပ်ငန်းဆောင် တာများကို ၆ နှင့် ၉ ဂဏန်းရက်များ ဖြစ်သော ၆၊ ၉၊ ၁၅၊ ၁၈၊ ၂၄ နှင့် ၂၇ ရက်များတွင် ဆောင်ရွက်သင့် သည်။
အိမ်၊ ခြံ၊ လမ်း၊ ရပ်ကွက်၊ ယာဉ်ကား၊ ထီနံပါတ် စသည့်နံပါတ်များကို ရွေးချယ်လိုလျှင် နံပါတ် ဂဏန်းများ အားလုံးပေါင်းရကိန်း ၆ နှင့် ၉ ဂဏန်းရသော နံပါတ်များကို ရွေးချယ်သင့်သည်။
ထီအက္ခရာစသည့်အက္ခရာများ ကို ရွေးချယ်လိုလျှင် စ၊ ဈ၊ ဏ၊ ဒ၊ ဆ နှင့် ရ အက္ခရာများကို ရွေး ချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင် များဖြစ်သည့် အနီရောင်၊ ကြက်သွေး ရောင်၊ ပန်းရောင်နှင့် အပြာရောင် အဆင်အသွေးရှိသည့် အဝတ်အထည် ယာဉ်ကားနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရွေးချယ်ဝတ်ဆင် အသုံးပြုသင့်သည်။
ကံနိမိတ်ကောင်းသော ဓာတ် တည့်သော ပတ္တမြား၊ ကျောက်နီ၊ စိန်နှင့် စိမ်းပြာရောင်ရှိသော ကျောက်မျက်တစ်မျိုးမျိုးကို အဆောင်ရတနာ အဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးသည့် ၆ ဂဏန်းနှင့် ၉ ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။

ဘဝတစ်သက်တာတွင် အရေး ကြီးသော၊ အကျိုးအပြစ် ထူးထူးခြား ခြားဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ နှင့် ၈၁ နှစ်များဖြစ်ကြ သည်။

နိုဝင်ဘာလ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

နိုဝင်ဘာလ ၉ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ကဏန်းမှာ ၉ ဂဏန်းဖြစ်ကြသည်။ အရေးကြီးသော ရက်စွဲများမှာ ၉၊ ၁၈ရက်နှင့် ၂၇ ရက်များဖြစ်သည်။

မည်သည့်လတွင်မဆို အရေးကြီးသော လုပ်ငန်းဆောင်တာများကို ၉ ဂဏန်း ရက်များဖြစ်သော ၉၊ ၁၈ နှင့် ၂၇ ရက်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။ ထီထိုးသင့် သည်။
အိမ်၊ ခြံ၊ လမ်း၊ ရပ်ကွက်၊ ယာဉ် ကား ထီနံပါတ် စသည့်နံပါတ်များ ကို ရွေးချယ်သင့်သည်။

ထီအက္ခရာ စသည့်အက္ခရာများ ကိုရွေးချယ်လိုလျှင် ဈ၊ ဒနှင့် ရ အက္ခရာများကိုသာရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းစေသော အရောင်များဖြစ်သည့် အနီရောင်၊ ပန်းရောင်နှင့် ကြက်သွေးရောင်အဆင်း ရှိသော အဝတ်အထည်၊ ယာဉ်ကားနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ကို ရွေးချယ်အသုံးပြုသင့်သည်။

ကံနိမိတ်ကောင်းသော ဓာတ်တည့်သော ပတ္တမြား၊ ကျောက်နီနှင့် ဂါးနက်ကျောက်တို့ကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထား သင့်သည်။
နိုဝင်ဘာလ ၂၇ ရက်မွေး ၉ ဂဏန်းရက်ဖွားဖြစ်ပါက အရေးကြီး သော ဂဏန်းများမှာ ၃ နှင့် ၉ ဂဏန်းဖြစ်သည်။

မည်သည့်လတွင်မဆို ၃၊ ၉၊ ၁၂၊ ၁၈၊ ၂၁၊ ၂၇ ရက်နှင့် ၃ဝ ရက်များတွင် အရေးကြီးသော လုပ် ငန်းဆောင်တာများကို ဆောင်ရွက် သင့်သည်။ ထီထိုးသင့်သည်။
၃ ဂဏန်းနှင့် ၉ ဂဏန်းရသော နံပါတ်ဂဏန်းများကို ရွေးချယ်သင့်သည်။ ဂ၊ ဈ၊ ဋ္ဌ၊ ဒ၊ ပ၊ ရ နှင့် သ အက္ခရာများကိုရွေးချယ်သင့်သည်။ ကြက်သွေးရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းနုရောင်နှင့် မရမ်းပြာ ရောင်များကို ရွေးချယ်ဝတ်ဆင်အသုံး ပြုသင့်သည်။

နိုဝင်ဘာလ ၉ ဂဏန်းရက်ဖွား များအားလုံးသည် မည်သည့်လတွင် မဆို မွေးသည့် ၃ နှင့် ၉ ဂဏန်းရက် ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။
ဘဝတစ်သက်တာတွင် အရေး ကြီးသော အကျိုးအပြစ် ထူးထူးခြား ခြား ဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ နှင့် ၈၁ နှစ်များဖြစ်ကြ သည်။

ဒီဇင်ဘာလ ၉၊ ၁၈ နှင့် ၂၇ ရက် များတွင်မွေးဖွားသူများ

ဒီဇင်ဘာလ ၉ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသောဂဏန်း မှာ ၉ ဂဏန်းဖြစ်သည်။ မည်သည့် လတွင်မဆို ၉၊ ၁၈ နှင့် ၂၇ ရက် များတွင် အရေးကြီးသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်။ ထီထိုးသင့်သည်။

နံပါတ်ဂဏန်းများအားလုံး ပေါင်းရကိန်း ၉ ဂဏန်းရသော အိမ်၊ ခြံ၊ လမ်းရပ်ကွက်၊ ယာဉ်ကားနှင့် ထီနံပါတ်စသည့် နံပါတ်များကိုသာ ရွေးချယ်သင့်သည်။ ဈ၊ ဒနှင့် ရ စသည့်အက္ခရာများကို ထီအက္ခရာ အဖြစ် ရွေးချယ်သင့်သည်။
မိမိအတွက် ကံနိမိတ်အကောင်း ဆုံးအရောင်မှာ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်တို့ဖြစ်သဖြင့် အဆိုပါ အရောင်အသွေးရှိသော အဝတ်အထည်၊ ယာဉ်၊ ကားနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
ကံနိမိတ်ကောင်းသော၊ ဓာတ် တည့်သော ပတ္တမြား၊ ကျောက်နီနှင့် ဂါးနက်ကျောက်တို့ကို ထာဝရ အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးသည့် ၃၊ ၆ နှင့် ၉ ဂဏန်းရက်ဖွားများ အပေါ်ဆွဲဆောင်မှုရှိမည်။ ဒီဇင်ဘာလ ၂၇ ရက်မွေး ၉ ဂဏန်းရက်ဖွားများ ဖြစ်ပါက ၃၊ ၈ နှင့် ၉ ဂဏန်းရက် ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
ဘဝသက်တမ်း တစ်လျှောက် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သော အသက်နှစ်များမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ နှင့် ၈၁ နှစ်များ ဖြစ်ကြသည်။

ဈေးကွက်ဂျာနယ် zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved