♫♫ ♪ ဗိုလ်ချုပ်ထဲက တို့ရဲ့ဗိုလ်ချုပ်
သမ္မတကြီး ဦးသိန်းစိန်ကို ဂုဏ်ယူ ကျေးဇူးတုံ့ပြန်ဖို့ ... ♫ ♪♫
သမ္မတကြီး ဦးသိန်းစိန်ကို ဂုဏ်ယူ ကျေးဇူးတုံ့ပြန်ဖို့ ... ♫ ♪♫

အမေရိကန်ရောက် အဆိုတော်ကြီး လားရှိုးသိန်းအောင်က သမ္မတကြီး ဦးသိန်းစိန်အကြောင်း သီချင်းတပုဒ် စပ်ဆိုပြီး အဲဒီသီချင်းကို အွန်လိုင်းမှာ ဖြန့်ဝေနေပါပြီ။
သူ့ရဲ့ နာမည် နောက်တမျိုးက ဂျင်မီဂျက် ဖြစ်ပါတယ်။
မြန်မာ့စတီဒီယိုလောကခေတ်ဦး အဆိုတော် လားရှိုးသိန်းအောင်ဟာ အသက် ၆၆ နှစ် ရှိပြီလို့ သိရပါတယ်။
ဒီကနေ့ အသက် ၅၀ ၀န်းကျင်တွေဟာ သူ့ရဲ့ ပရိသတ်တွေ ဖြစ်ခဲ့ကြမှာပါ။

အင်းစိန်ထောင်မှာ ကြိုးပေးသတ်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး၊ ၁၉၈၈ မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ကျောင်းသူလေး မ၀င်းမော်ဦးတို့ကို ဂုဏ်ပြုတဲ့သီချင်းတွေလည်း မကြာသေးခင်က ရေးစပ်သီဆိုခဲ့သူပါ။
"အမေ ဒေါ်စု ပြန်လာပြီ" လို့ လားရှိုးသိန်းအောင် သီဆိုတာကို RFA ရေဒီယိုထုတ်လွှင့်ချက်မှာ မကြာခဏ ကြားကြမှာပါ။
အခု သူ့ရဲ့ နောက်ဆုံးပေါ်သီချင်းကတော့ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကြီးကို ဂုဏ်ပြုသော သီချင်းပါပဲ။
ပြီးတော့ ဒါဟာ လားရှိုးကြီးရဲ့ ပြည်တော်ဝင်သီချင်းလည်း ဖြစ်နိုင်ပါတယ်။
ဒီသီချင်းကို နားထောင်ဖို့ပဲဖြစ်ဖြစ်၊ လိုက်ဆိုဖို့ပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ဖို့ ဒီဘလော့မှာ ကူးတင်ပေးလိုက်ပါတယ်။
♫♫ ♪ ဗိုလ်ချုပ်ထဲက တို့ရဲ့ဗိုလ်ချုပ်
သမ္မတကြီး ဦးသိန်းစိန်ကို ဂုဏ်ယူ ကျေးဇူးတုံ့ပြန်ဖို့ ... ♫ ♪♫
သမ္မတကြီး ဦးသိန်းစိန်ကို ဂုဏ်ယူ ကျေးဇူးတုံ့ပြန်ဖို့ ... ♫ ♪♫
0 comments :
Post a Comment