ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်နိုင်မလား?

Monday, August 27, 2012

~








မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ တွေ့နေရပါပြီ။
ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ?
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဧရာဝတီဘလော့မှာ ဒီနေ့ နေ့ခင်းပိုင်းက စတင်ပြီး စစ်တမ်းတခု ကောက်နေပါတယ်။

စာဖတ်သူ ၁၀၀ ကျော်ဆီက ရခဲ့တဲ့ သဘောထားတွေကို အခုလို တွေ့ရပါတယ် -

သမ္မတဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတို့ ရည်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲများဟာ

- မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ အားပေးမှုကြောင့် ရည်မှန်းထားသလို အကောင်အထည် ပေါ်လာပါလိမ့်မယ်။ 17% (20 votes)

- ခေတ်နောက်ပြန်ဆွဲသူတွေကို မလွန်ဆန်နိုင်လို့ အပြောင်းအလဲ မဖြစ်နိုင်ပါ။ 11% (13 votes)

- ဦးသိန်းစိန်ရဲ့ မပြတ်သားမှု၊ အုပ်ချုပ်ရေးဝန်ထမ်းများ မကျွမ်းကျင် မနိုင်နင်းမှုတွေကြောင့် အပြောင်းအလဲ နှေးကွေးပါလိမ့်မယ်။ 71% (81 votes)

Total Votes: 114

သုံးရက်ပြည့်ရင် ဒီစစ်တမ်းက ထွက်လာတဲ့ အဖြေကို ထပ်မံ ကြေညာပေးမှာဖြစ်ပါတယ်။


~

2 comments :

  1. သဘောထားပေးဖို့ရွေးပေးထားတဲ့title၃ခုထဲမှာ
    ၁။ ။နိုင်ငံခြားအကူအညီတွေရနေတိုင်းကျုပ်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်း
    လဲရေးကိစ္စမအောင်မြင်နိုင်ပါ။
    ၂။ ။ခေတ်စံနစ်ကိုနောက်ပြန်ဆွဲခြင်နေသူတွေကြောင့်လဲအရှိန်အဟုန်ယူပြောင်းလဲ
    ရမယ့်ဒီမိုကရေစီလမ်းခရီးကိုအနှောင့်အယှက်/ဆူးညှောင့်ခလုတ်အဖြစ်မခံနိုင်ပါ။ ပြည်
    သူတွေစည်းလုံးဖို့၊သတ္တိဖို့နဲ့သတိရှိဖို့(နွားကွဲချိန်ကိုအလစ်ဝင်ဆွဲဖို့စောင့်နေတဲ့ကျားငစဉ်း
    လဲရဲ့ရန်)အထူးလိုအပ်သလိုပြတ်ပြတ်သားသားဖယ်ထုတ်ပြစ်ရပါမယ်။
    ၃။ ။ဦးသိန်းစိန်ရဲ့မပြတ်သားမှု၊နိုင်ငံ့ဝန်ထမ်းများမကျွမ်းကျင်မှုဆိုရာမှာလဲ၊သမ္မတကို
    ပြတ်ပြတ်သားသားဖြစ်လာအောင်ပြည်သူနဲ့တကွနိုင်ငံရေးပါတီအသီးသီးကခေါင်းဆောင်
    တွေဝိုင်းပြီးတွန်အားပေးခြင်း၊မကျွမ်းကျင်သူကိုကျွမ်းကျင်အောင်ပြုပြင်ပေး၊မရင်လူစား
    လဲပြစ်။စတာတွေလုပ်ကြရပါလိမ့်မယ်။

  1. UShinGyi said... :


    အခုဖြစ်ပေါနေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေး
    ဖြစ်စဉ်
    များဟာ အားရစရာတော့မရှိသေးဘူး။ အရင်သတင်း
    နှင့်မီဒီယာ မတိုးတတ်သေးတဲ့ခေတ်များကဲ့သို့ အစိုးရ
    အာဏာလက်မလွတ်ချင်သူများ
    ခရိုနီများ လွယ်လွယ်ဖြစ်ခေတ်နောက်
    ပြန်ဆွဲဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
    ခေတ်နောက်ပြန်လုံးဝ မဆွဲကြတော့ဘူးလို့လဲ
    ပြောလို့ မရပါ။အခါခွင့်ကို ကြည့်နေတဲ့အခွင့်ရေးသ
    မားတွေလွှတ်တော်ထဲမှာကော် ပြင်ပမှာပါအများကြီး
    ရှိနေပါတယ်၊ ဒါပေမဲ့ ပြည်သူများကလဲ ယနေ့ဖက်
    အချိန်မှာ နိုင်ငံရေးကို စိတ်ဝင်တစားလေ့လာသူများ
    လူငယ်၊လူကြီး အတော်များလို့လာပါပြီ။ အပေါ်မှာ
    ဘယ်သူကဘယ်လိုတွေလုပ်နေတယ် ဘယ်သူက
    တော့ဖြင့်အကျိုးလိုချင်လို့ ဘယ်လိုမတရာလုပ်တော့
    မယ် စသည်ဖြင့် မျက်စိဒေါက်ထောက်ကို ပြည်သူ
    များကြည့်နေကြပါပြီ။ ဒီအချိန်ခါမှာ ကိုကျိုးတခု
    ကိုပဲကြည့်ပြီး နိုင်ငံနဲ့ပြည်သူကိုကမောက်ကမဖြစ်
    အောင် ထပ်လုပ်မယ်ဘယ်သူ့ကိုမဆို ပြည်သူများက
    လဲ ချက်ချင်းလက်ငင်း ထိရောက်တဲ့ အပြစ်ကိုပေး
    သွားကျလိမ့်မယ်ဆိုတာ မလွှဲမသွေဖြစ်ကိုဖြစ်လာပါ
    လိမ့်မယ်။ ငါဆိုတဲ့အတ္တတွေရှော့ပြီး ညှိညှိနှိုင်းနှိုင်းနဲ့
    ရှေ့ဆက်မယ်ဆိုရင်တော့ ဦးရှင်ကြီးတို့ အမိနိုင်ငံ
    အောင်မြင်လို့ ကမ္ဘာတောင်ကျော်သွားအုံးမယ်...။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved