ဗိုလ်ကျနေတဲ့ စစ်ဗိုလ် လူထွက်များ

Wednesday, August 22, 2012

ဒါကတော့ ပေးစာ တစောင်ဖြစ်ပါတယ်။
Irrawaddy သတင်းဌာနမှ Editors များနှင့် သတင်းရေးသား အစီအစဉ် တင်ဆက်သူများခင်ဗျား…..


ကျွန်တော်က ရန်ကုန်တိုင်းမှ ဖြစ်ပါတယ်ခင်ဗျား….

သတင်းပေးပို့သူကတော့ ဌာနဆိုင်ရာမှ ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်ခင်ဗျား…

ဘယ်ဌာနဆိုင်ရာလည်းဆိုတာကိုတော့ ဗိုလ်မှူးကြီးများသိလျှင် မျက်မာန်ရှပြီး အလုပ်ပြုတ်အောင် လုပ်မှာ ကို ကြောက်တဲ့အတွက် မပြောရဲသေးပါခင်ဗျား .. အဲလိုလည်း ခြိမ်းခြောက်ခံထားကြရလို့ပါ ခင်ဗျား…

အခုတော့ စစ်တပ်မှ ပြောင်းလာသော ဗိုလ်မှူးကြီးများဧ။် နေ့စဉ်နှင့် အမျှ ဆဲရေးတိုင်းထွာ ပါးရိုက် ကိုယ်ထိ လက်ရောက် ထိုးနှက်မှုများကို ထိုဌာနဆိုင်ရာမှ ၀န်ထမ်းများအားလုံး ခံစားနေရပါသောကြောင့် အားလုံး ကိုယ်စား Irrawaddy သတင်းဌာန သို့ နိုင်ငံတော်သမ္မတကြီး သိစေရန် ရင်ဖွင့် ပြောကြားလိုက်ရခြင်း ဖြစ်ပါ တယ်……

သမ္မတကြီးမှ သိရှိပြီး အမြန်ဆုံး ဖော်ထုတ် အရေးယူပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား………. အကြောင်းအရာများကို attachment နှင့် ထည့်ပေးထားပါသည်ခင်ဗျား .. စာအရမ်းရှည်နေလျှင် လိုအပ်သလို ဖြတ်တောက်ပြီး သတင်းအစီအစဉ်မှာ ထည့်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား....


အလုပ်ပြုတ်မည့်စိုးသောကြောင့် အမည် မဖော်လိုသေးသော ဌာနဆိုင်ရာမှ ၀န်ထမ်း တစ်ဦး ဆိုပြီး ပေးပို့လာတဲ့ စာတစောင်ဖြစ်ပါတယ်။


စစ်တပ်မှပြောင်းလာသည့် ရာထူးနှင့် မထိုက်တန်သည့် အချို့သော အရာရှိဗိုလ်မှူး၊၊ ဒုတိယဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများဧ။် အုပ်ချုပ်မှုအကြောင်း


ယခု အရပ်ဘက် ဌာနဆိုင်ရာ အများစု၌ စစ်တပ်မှဝင်ရောက်၍ အထက် အရာရှိနေရာများ ယူထားကြ သည့် စစ်တပ် အရာရှိကြီးများသည် စစ်တပ်တွင် မည်သည့် ပညာများဖြင့် အုပ်ချုပ်ခဲ့သည် မသိရှိပါ။

သို့သော်ယင်းတို့၏အရပ်ဘက်ဌာနဆိုင်ရာများ၌အုပ်ချုပ်သည့်ပုံစံများမှာအလွန်တရာရိုင်းစိုင်းအကျည်းတန်ပါသည်။ ယင်းကို နိုင်ငံတော် အဖွဲ့အစည်းများမှ အကြီးအကဲများမှ သိရှိလိမ့်မည်ဟု မထင်ပါ၊၊

၎င်းတို့ အုပ်ချုပ်နည်း ပညာမှာပါးရိုက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ထိုးနှက်ခြင်း ဟူသည့် လူ့အခွင့်အရေး ကို ချိုးဖောက်သော အုပ်ချုပ်သည့် ပညာပင်ဖြစ်သည် ဟုတွေးထင်မိပါသည်။

ယင်းကိစ္စရပ်များကို နိုင်ငံတော်၏ အကြီးအကဲများ သိရှိစေချင်ပါသည်။ အဆိုပါဌာနဆိုင်ရာရောက် စစ်တပ် အရာရှိကြီး အချို့သည် လုပ်ငန်းအကြောင်း တစ်လုံးတစ်ပါဒ မျှလ ည်း မသိရှိ၊ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို လည်း မလေ့လာ၊ လုပ်ငန်းအကြောင်းလည်းနားမလည်၊ ယင်းတို့ရောက်ရှိနေသည့် ထိုင်ခုံကိုလည်း ပျောက် မှာစိုး၊ စီမံ ခန့်ခွဲမှုလည်း မတတ်ကျွမ်း၊ ၄င်းတို့ မတတ်ကျွမ်း မသိရှိသည်ကိုလည်း လက်အောက် ငယ်သားများ သိရှိမည် စိုး၍ နိုင်ထက်စီးနင်း နင်ပဲငဆ ဟိန်းဟောက်ကြိမ်းမောင်း မော်မကြည့်ဝံ့ရန် တစ်သွေး တစ်သံ တစ်မိန့် ဆောင်ရွက်နေကြပါသည်။

ဝန်ထမ်းများမှာ မိမိတို့နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် လုပ်သက်များကြောင့်လည်းကောင်း၊ မိသားစု စားဝတ်နေရေးအတွက် စဉ်းစား ငဲ့ညှာ၍လည်းကောင်း ကြိတ်မှိတ် သည်းခံ၍ ဆောင်ရွက် နေကြရသည်ကို အားလုံး သိရှိစေချင်ပါသည်၊၊

စစ်တပ်နှင့် အရပ်ဘက် ရောထွေးဆောင်ရွက်မှု၏ အကြောင်းများကို သိရှိစေချင်ပါသည်။ စစ်တပ်မှ ပြောင်းလာ သည့် အရာရှိကြီးများ အထူးတလည် ကျွမ်းကျင်သည့် ပညာရပ်မှာ ဦးဏှောက်မသုံးရသည့် ပါးရိုက်ခြင်း၊ တစ်ဆွေလုံး တစ်မျိုးလုံးအား ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ပိတ်ထိုးခြင်းဟူသည့် ပညာရပ် များပင်ဖြစ်ပါကြောင်း၊ လက်အောက်ဝန်ထမ်းများကို ယင်းသို့ အုပ်ချုပ်နေသည့် စစ်တပ်မှ ပြောင်းရွေ့လာသော ဗိုလ်မှုးကြီးများကို သူတို့နှင့်သင့်တော်သည့် နေရာသို့သာ ထားရှိသင့် ပါ ကြောင်း၊ ဌာနဆိုင်ရာအချို့မှ ကြားသိရသည့် သတင်းများစွာနှင့် ကိုယ်တိုင်တွေ့ကြုံ ခံစားရသူမှ ခံစားရေးသား လိုက်ရခြင်းဖြစ်ပါသည်။

6 comments :

  1. Anonymous said... :

    သာသနာရေးဌာနမှာလဲ ညွန်မှူးတို့ ညွန်ချုပ်တို့ဆိုတာ စစ်ဗိုလ်လူထွက်တွေပါ။ အဆင့်တူ အရပ်သားဝန်ထမ်းက ထီးဆောင်းပေးခဲ့ရပါတယ်။
    သာသနာ့တက္ကသိုလ်ကြီးများနဲ့ ထေရ၀ါဒတက္ကသိုလ်မှာလဲ သူတို့ကို အကြိးအကဲအဖြစ်ခန့်လိုက်တာ နှစ်ပေါင်းများစွာက စုဆောင်းထားခဲ့တဲ့ ထာဝရဆွမ်းကွမ်းပဒေသာပင်ဆိုတဲ့ ဘဏ်အပ်ငွေတွေဟာ စစ်ဗိုလ်ထွက်များ ဂေါက်ရိုက်၊ ဘီယာသောက်၊ ဂေါက်အိတ်ထမ်းကောင်မလေးတွေကိုပေး၊ မယားက လာယူ၊ တက်တက်ပြောင်ပါလေရော။
    ထေရ၀ါဒတက္ကသိုလ်ဆိုတာ မရမ်းကုန်း၊စွယ်တော်ဘုရားရှေ့မှာ ရှိပါတယ်။ ဘဏ္ဍာရေးမှူးက ဗိုလ်မှူး ရဲဌေးပါ။ ရောက်ခါစက ကားအစုတ်လေးနဲ့ပါ၊ သုံးလတစ်ခါလောက် ကားသစ်လဲ စီးပါတယ်။
    ရဲဌေးက သံဃာများကို ကထိန်အလှူရှင်များက လှူဒါန်းသော န၀ကမ္မအလှူငွေစာအိတ်များကို အလှူရှင်တွေ ပြန်တာနဲ့ ဇွတ်ဆွဲယူပါတယ်။ သံဃာတော်များ လည်ချောင်းထဲကတောင် နှိုက်ယူရဲသော ငရဲမကြောက် စစ်ဗိုလ်ထွက်များပါ။
    ထေရတက္ကသိုလ်မှာ တရုတ်စာတစ်လုံးမှ မဖတ်တတ်သော တရုတ်စာပါမောက္ခစစ်ဗိုလ်၊ ပါဠိကို ဘာမှနားမလည်သော စစ်ဗိုလ်ထွက် ပါဠိပါမောက္ခတွေ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး ပါမောက္ခများပါ။
    ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့ရဲ့ စစ်ဗိုလ်ကောင်းစားရေးဝါဒကြီးကို မဖျက်သိမ်းနိုင်သမျှ ဗမာပြည်ဟာ ကို့ရို့ကားရားတိုင်းပြည်ဘ၀က ဘယ်တော့မှ လွတ်မည်မဟုတ်ပါခင်ဗျား။

  1. အရပ်သားဝန်ထမ်း said... :

    ကျုပ်အရပ်သားဝန်ထမ်းပါ၊ ပါးရိုက်တာ၊ဆဲရေးတာတွေကိုအခုချိန်မှာစစ်ဗိုလ်လူထွက်တွေလုပ်ရဲမည်မထင်ပါ။ ရဲ၊အကျဉ်းဦးစီး၊ စတဲ့ဌာနတွေမှာရှိကောင်းရှိနိုင်ပါတယ်၊ သူတို့အချင်းချင်းအကိုကြီး ညီလေးလုပ်လုပ်၊ ပါးရိုက်ရိုက်၊ အရပ်သားဝန်ထမ်းတွေနာကျဉ်းစရာမလိုပါ၊ ဆယ်စုနှစ်ပေါင်း၎ခုလောက်သူတို့networkကိုတည်ဆောက်ခဲ့ထားတာပါ။ network ကမပျက်သေးပါ၊ အားကောင်းနေပါသေးတယ်၊ အခုမှအရပ်သားတွေ က သူတို့အုပ်ချုပ်မှူကိုစတင်ရေးသားဝေဖန်လာကြတာပါ။ဒါတောင်Facebook ပေါ်မှလောက်ရေးနိုင်ပါသေးတယ်၊ သူတို့management ကြောင့်တိုင်းပြည်စီးပွားရေးကုန်းကောက်စရာမရှိလောက်အောင်ကျဆင်းသွားခဲ့တာ အခုချိန်မှာတော်တော်ထင်ထင်ရှားရှားတွေ့နေရပါပြီ။ ပြည်သူတွေရဲ့စိတ်ထဲမှာအားမလိုအားမရဖြစ်မှူတွေ ထင်ထင်ရှားရှား ပြသနေပါပြီ၊ သူတို့အားလုံးနိုင်ငံရဲ့ဗျူရိုကရက်တစ်ယန္တရားထဲကနေဖယ်ထုတ်ရမှာပါ၊ အတွေးအခေါ်ပြောင်းပြီးတော်တဲ့စစ်ဗိုလ်လူထွက်တွေလည်းရှိပါတယ်။ အများစုက မလေ့လာတော့ပဲ ဘက်ပေါင်းစုံကညံ့တဲ့စစ်ဗိုလ်တွေများပါတယ်။ အကိုကြီးညီလေး လုပ်မယ်၊ ဟိန်းကြည့်ဟောက်ကြည့်မယ်၊ ဒီနေခေတ်မှာ မရတော့ဘူးဆိုတာသူတို့လည်းလူပါးတွေပဲ၊ သိတာပေါ့။ပြောချင်တာက ဆယ်စုနှစ် တစ်ဝက်လောက်စောင့်အုံး၊ ၅ နှစ်ပေါ့၊ တော်တဲ့တတ်တဲ့ အရပ်သားတွေနေရာ ရလာပါလိမ့်မယ်။အခုကြည့်လေ၊ နောက်ဖွဲ့တဲ့သမ္မတအကြံပေးတွေထဲမှာ စစ်ဗိုလ်လူထွက်တွေ မတွေ့ဘူးဗျ၊ အားလုံးပညာတတ်အရပ်သားတွေပဲ၊ ငဖါးအောက်ဆွဲတချို့တော့တွေ့သဗျ၊ အရည်အချင်းမရှိတဲ့စစ်ဗိုလ်လူထွက်တွေနဲ့စာရင်တော်သေးပါ့။ ပါးရိုက်ရင်ဆဲရေးရင်မခံ နဲ့ဗျ၊ media ကနေအော်သာအော်ကြပါ။

  1. Anonymous said... :

    you should tell fact exactly what happened , where and why??
    I'm sick of it.

  1. Anonymous said... :

    ဗိုလ်လောင်းဘဝကတည်းက ရိုက်သွင်းပေးခံရတဲ့ အကျင့်တွေပါ။ဒါပေမယ့် စစ်အာဏာရှင်ခေတ် မဟုတ်တော့တာကို တပ်ထဲက အရာရှိများ နားလည်ပါ။ဒီမိုကရေစီနဲ့ ထိုက်တန်သောစိတ်ထားများ မွေးကြပါ။ပြည်သူ့အကျိုးကိုကြည့်မှ တချိန်က ရဖူးတဲ့ ပြည်သူ့မေတ္တာကို ပြန်ရပါလိမ့်မယ်။

  1. Anonymous said... :

    --သံရုံးက သံအမတ် သည်လည်း အရမ်းဆိုးပါသည်။ သံတမန် မပီသပါ။ စိတ်ထားကအောက်တန်းကျပါသည်။
    သံရုံးဝန်ထမ်း ကိုစစ်သားဆန်ဆန် ဆက်ဆံပါသည်။

  1. Anonymous said... :

    ပင်မရေနံဓနိတောမှ ထွေဂျာ ဗိုလ်မှူးခင်မောင်ဝင်း
    လဲ အရင်ကဘာမှမရှိဘဲ မန်းရေနံပင်မနဲ့ ဓနိတောမှ တရားမဝင်ရတဲ့ ပိုက်ဆံတွေနဲသာကေတ
    မှာအိမ်ကြီးဆောက် ထားတာအကြီးကြီးပဲ။ပါဂျဲရိုး
    ဗွီ ၄၆တောင်ဝယ်စီးနေပြီ။ စုံစမ်းအရေးယူပေးကြပါဗျို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved