သမ္မတရုံးအတွက် ၀န်ကြီး ၆ ယောက် ခန့်ထားသလား
Tuesday, August 28, 2012
မီးရထားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်မင်း (ဓာတ်ပုံ - ဧရာဝတီ)
သမ္မတရုံးဝန်ကြီးဌာနမှာ ၀န်ကြီး ၄ ဦး ခန့်ထားကြောင်း မနေ့ကထွက်လာတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဦးစိုးသိန်း
ဦးအောင်မင်း
ဦးလှထွန်း
ဦးတင်နိုင်သိန်း
သူတို့ထဲမှာ ဦးအောင်မင်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေသူပါ။
ကျန်တဲ့ ၃ဦးကလည်း လုပ်ငန်းကြီးများအတွက် တာဝန်အသီးသီးရှိနေတယ်လို့ သိရပါတယ်။
ဒီဌာနမှာ အရင်ကတည်းက ၀န်ကြီးတပါးထက်မနည်း ရှိနေတာပါ။
ဦးသိန်းညွန့်
ဦးစိုးမောင်
ဦးကျော်စွာခိုင် (ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ဇန်န၀ါရီမှာ နုတ်ထွက်)
ဦးစိုးမောင်က သမ္မတရုံးဝန်ကြီးအနေနဲ့ ကုလသမဂ္ဂအရာရှိတွေကို မနေ့က တွေ့ဆုံကြောင်း သတင်းစာထဲမှာ ရေးထားပါတယ်။
ဒါကြောင့် သမ္မတရုံးဝန်ကြီးဌာနမှာ ၀န်မင်း ၆ ပါး ရှိနေတယ်လို့ ယူဆရပါတယ်။
ဒီဝန်ကြီးတွေက တခြားဝန်ကြီးတွေလိုပဲ စစ်ဗိုလ်ချုပ်ဟောင်းတွေပါပဲ။
သမ္မတရုံးဝန်ကြီးဌာနမှာ ဌာနပိုင်ဝက်ဆိုက် ရှိသေးဟန် မတူပါဘူး။ ဒါကြောင့် ၀န်ကြီးတွေရဲ့ နောက်ခံအချက်အလက်၊ တာဝန်တွေနဲ့ ပတ်သက်ပြီး သိချင်ရင် Google မှာပဲ ရှာနေရပါတယ်။
သမ္မတရုံးဝန်ကြီး ၄ ပါး ခန့်အပ်မိန့်
2 comments :
  1. Anonymous said... :
    တိုင်းပြည်က ကပ်ကျန်မွဲတွေ ဖွတ်ဘိုးအေ ဖြစ်နေပါတယ်ဆိုမှ သမတရုံးဝန်ကြီး ခြောက်ယောက်ခန့်သလားဗျာ။
    သမတကြီးကိုလဲ ထောက်ခံချင်ပါတယ်။ဒါပေမဲ့ ငါ့သမီးတော်တယ်လို့ ပြောမယ်လုပ်လိုက်တုန်း သမီးက ယောင်းမမြင်းစီးထွက်လာသလို ဖြစ်နေပါတယ်။
    ဘောလုံးသင်းထဲက လူချကစားသူ၊ ခြေစွမ်းမပြနိုင်သူတွေကို လူလဲ မကစားဘဲ၊ နေရာရွှေ့ကစားနေလို့ကတော့ ဘဲဥကွဲဘို့မလွယ်သေးဘူး။
  1. Anonymous said... :
    Big Government size may cost more expenditure?
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved