ပြန်ကြားရေးဝန်ကြီးသစ်ရဲ့ ကိုယ်ပိုင်ဝက်ဆိုက်

Tuesday, August 28, 2012

~



မြန်မာပြည်က၀န်ကြီးတွေထဲမှာ ကိုယ်ပိုင် အွန်လိုင်းစာမျက်နှာ ဖန်တီးထားတဲ့သူက ဦးအောင်ကြည် တယောက်ပဲ ရှိမယ်လို့ ယူဆရပါတယ်။

ဦးအောင်ကြည်ဟာ မနေ့က စတင်ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုင်တွယ်ရတဲ့ ၀န်ကြီး ဖြစ်လာတာပါ။

သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သူ့ဇာတိမြို့နယ်ဖြစ်တဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်ကနေ ရွေးကောက်ခံရပါတယ်။

ဦးသိန်းစိန် အစိုးရဖွဲ့တော့ သူ့ကို ၀န်ကြီးဌာန ၂ခု ကိုင်တွယ်ဖို့ တာဝန်ပေးခံရပါတယ်။

တနေ့ကအထိ အလုပ်သမားဌာန၊ လူမှုဝန်ထမ်းဌာနတို့ကို ကိုင်တွယ်ခဲ့ရတဲ့ဝန်ကြီးပါ။

မင်းဗထူး၊ ဗိုလ်ချုပ်အောင်ကြည် စတဲ့ ကလောင်အမည်တွေနဲ့လည်း စာရေးပါတယ်။

မင်းဗထူး ဒေါ့ကွန် minbahtoo.com မှာ သူရေးတဲ့ ဆောင်းပါးများကို ဖတ်ရှုနိုင်ပါပြီ။

သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရလက်ထက်မှာရော၊ လက်ရှိအစိုးရလက်ထက်မှာပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့သူဖြစ်တဲ့အတွက် အင်မတန် လူသိများလာသူ ဖြစ်နေပါတယ်။

အခုတော့ သူက ပြန်ကြားရေးဝန်ကြီး ဖြစ်လာပါပြီ။

သူဟာ ညှိနှိုင်းရခက်ခဲသူ၊ ခေါင်းမာသူ၊ ပါဝါပြ မောက်မာသူ၊ စစ်အရာရှိဆိုးစရိုက်ရှိသူ မဟုတ်ဘူးလို့ ယူဆရပါတယ်။

အလုပ်သမား၊ လူမှုဝန်ထမ်း စတဲ့ ၀န်ကြီးဌာနတွေကို ဘယ်သူတွေ ရောက်သွားပြီဆိုတာ မကြေညာသေးပါ။
ဒါကြောင့် နောက်ရောက်လာမယ့်ဝန်ကြီးတွေက သူ့လောက် ညင်သာပါ့မလား၊ ညှိနှိုင်းရလွယ်ပါ့မလား ဆိုပြီး ဒီဌာနနဲ့ဆက်ဆံရမယ့်သူတွေ အဖွဲ့တွေက စိုးရိမ်နေလောက်ပါပြီ။

ဌာနတခုပဲ ကိုင်တွယ်ရတော့မယ့် ဦးအောင်ကြည်အတွက်တော့ စာရေးချိန် ပိုရလာတော့မှာဖြစ်ပါတယ်။




~

4 comments :

  1. Anonymous said... :

    This website or does not exist.

  1. Anonymous said... :

    Before he joined to milittary, he was a teacher at tarmway BEHS and that's why he is soft and kind man.

  1. Unknown said... :

    warmly welcome to u aung kyi. May you be happy and living long live for our nationlaties.

  1. Anonymous said... :

    စစ်ဘက် အရပ်ဘက် ရာထူးအရှိန်အ၀ါကြီးတွေနဲ့ ဟုတ်လှပြီထင်မနေကြပါနဲ့။ ပြည်သူက ရွေးတဲ့ စစ်မှန်တဲ့ကိုယ်စားလှယ်ဖြစ်ချင်ရင် ပြည်သူ့အပေါ်မှာ မမောက်မာကြပါနဲ့။
    မင်္ဂလာတောင်ညွန့်ပြည်သူတွေကတော့ သူတို့ကိုယ်စားလှယ်အစစ်အမှန်အဖြစ် လူမှုရေးသမား၊မြန်မာ မာသာထရီဆာလို့တင်စားရမဲ့ မဖြူဖြူသင်းကို တစ်ခဲနက် ရွေးချယ်ခြင်းဖြင့် သူတို့မလိုလားသူကို ဖယ်ရှားပြီးပါပြီ။34

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved