(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)
ဖရန်စစ် ဖူကူယားမား မြန်မာပြည်ရောက်တာ မြန်မာပြည်သား အများစုအတွက်တော့ "အင်း ... ဒီဦးလေးကြီး တို့ဆီကိုလာတော့ ဘာဖြစ်လဲ၊ ဘာလုပ်ရမှာလဲ" လို့ ဆိုကြမယ် ထင်ပါတယ်။
တချို့အတွက် အထူးသဖြင့် လေးလေးပင်ပင်စာတွေ ဖတ်တဲ့သူတချို့အတွက်တော့ ထူးခြားနေပါတယ်။
မြသန်းတင့်၊ မောင်စူးစမ်း၊ ကျော်ဝင်း စတဲ့ စာရေးဆရာတို့က ဖရန်စစ် ဖူကူယားမားရဲ့ လက်ရာတွေကို မြန်မာဘာသာပြန်ခဲ့ပါတယ်။ ဒီဆရာတွေရဲ့ ပရိသတ်က ဖတ်ကြပါတယ်။

၂၀၀၉ မှာ နယူးယောက်က မိုးမျှော်တိုက်၂လုံး တိုက်ခိုက်ခံရတဲ့ 9/11 ဖြစ်အပြီးမှာတော့ The End of the End of History (ဖရန်စစ်ဖူကူးယားမားရဲ့ သမိုင်းနိဂုံး နိဂုံးချုပ်သွားပါပြီ) လို့ ဝေဖန်တာ ခံခဲ့ရပါတယ်။

ကလေး သုံးယောက်ရဲ့ ဖခင် ဖရန်စစ်ဖူကူယားမား လာမယ့် အောက်တိုဘာ ဆိုရင် အသက် ၆၀ ပြည့်ပါပြီ။
ဒဿနဆရာ၊ နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားကို အမေရိကန်အစိုးရပိုင်းမှာ အကြံပေးသူတဦးအဖြစ်လည်း တွေ့မြင်ခဲ့ကြမှာပါ။
ရန်ကုန်ရောက် ဖရန်စစ်ဖူကူယားမားက ဒီကနေ့မှာ What is Development? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။
ပုံတွေကတော့ ဒီကနေ့ ဟောပြောပွဲမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
~
ဆရာတို့ အနေနဲ့ မစ္စတာ ဖူကုယာမ ပြော ကြားတဲ့ ဟောပြောချက် အပြည့်အစုံကို post လုပ်ပေးနိုင်ရင်တော့ သွားရောက် နား မထောင်နိုင်သူတွေ အကျိုး တစ်စုံတစ်ရာ ရှိ လိမ့်မယ်လို့ ထင်မြင် ယူဆမိပါကြောင်း။