အမေရိကန် စတိုးဆိုင်တွေပေါ်က ခုန်ချပေးရမယ့် ဆမ်ဆောင်း

Wednesday, August 29, 2012


တောင်ကိုရီယားနိုင်ငံက ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီကတော့ ဆမ်ဆောင်က ထုတ်လုပ်တဲ့ စမတ်ဖုန်းအပါ အ၀င် ဆမ်ဆောင်တံဆိပ် ပစ္စည်း ၈ မျိုးကို အမေရိကန်က စတိုးဆိုင်တွေပေါ်မှာ တင်မရောင်းဘို့ Apple က တောင်းဆိုမှုကို ကတိပေးလိုက်ရပါပြီ။

လွန်ခဲ့တဲ့ အပတ်က အမေရိကန် တရားရုံးမှာ Apple ကုမ္ပဏီက ဆမ်ဆောင်ဆီက အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလျံ အလျော်ပေးဖို့ တရားစွဲဆိုမှုကို တရားရုံးက လက်ခံလိုက်တဲ့အတွက် Apple က လွန်ခဲ့တဲ့ တနင်္လာနေ့က တရားရုံးမှာ ဆက်လက် လျှာက်ထား လိုက်တာကတော့ ဆမ်ဆောင်က ထုတ်တဲ့ Galaxy၊ Droid စမတ်ဖုန်းတွေ နဲ့ ဆမ်ဆောင်ထုတ် မိုဘိုင်း ပစ္စည်း ၈ မျိုးကို တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ကမ္ဘာအကြီးဆုံး နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဆမ်ဆောင်က တုန့်ပြန်တဲ့အနေနဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အမေရိကန် ဈေးကွက်မှာ သေချာပေါက် သုံးလို့ရနိုင်အောင် ကျွန်ုပ် တို့ဟာ လိုအပ်တာ အားလုံး အားစိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထား ပါ တယ်။

Apple ကို ကန်ဒေါ်လာ သန်း ၁ ထောင်ကျော် လျော်ရမယ်ဆိုတဲ့ တရားရုံးဆုံးဖြတ်ချက်ထွက် လာပြီးနောက်

တောင်ကိုရီယား စတော့ဈေးကွက်မှာတော့
ဆမ်ဆောင်းရဲ့ စတော့ရှယ်ယာဈေးတွေဟာ ထိုးဆင်းသွားခဲ့တယ် လို့ သတင်းတွေက ဆိုထားပါတယ်။

1 comments :

  1. cw said... :

    Incorrect information.
    Apple's claim for a sale ban in USA will be decided in the court in December.
    Also Galaxy S3 (picture) will not include as it is produced after tribunal process started last year.

    http://www.pcpro.co.uk/news/376123/samsung-vs-apple-sales-ban-hearing-in-december

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved