စာပေစိစစ်ရေး မရှိတော့ဘူးလား

Monday, August 20, 2012


မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသောစာနယ်ဇင်းများနှင့် ထုတ်ဝေစာများ အားလုံး သြဂုတ်၂၀ရက်နေမှစ ပြီး စာပေစိစစ်ရေးသို့တင်စရာမလိုဘဲ ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်းပြန်ကြားရေး ၀န်ကြီးဌာနက ပြောကြား သည်။

နိုင်ငံရေးနဲ့ဘာသာရေး ထုတ်ဝေစာများကို ယနေ့ကစပြီး စာပေစိစစ်တင်စရာ မလိုဘဲ ထုတ်ဝေ ခွင့်ပြုမှာ ဖြစ် ပါတယ်။ အဲဒါကြောင့် အခုဆိုရင် ပုံနှိပ်ထုတ်ဝေစာအားလုံး စာပေစိစစ်ခံစရာမလိုတော့ဘဲ ထုတ်ဝေနိုင် တော့ မှာဖြစ်ပါတယ်`ဟု ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန အကြီးအကဲ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးတင့်ဆွေက ရန်ကုန်မီဒီယာသို့ပြောကြားသည်။

ထို့အတွက်ကြောင့် သတင်းဂျာနယ်များပါဝင်သော နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ထုတ်ဝေစာများသည် လွတ်လပ်စွာ တည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ရာ ယင်းတွင် ဂျာနယ် ၈၆ စောင်နှင့်မဂဇင်း ၅၅ စောင် ပါဝင်ကြောင်းသိရှိရသည်။“စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနအနေနဲ့ စာပေစိစစ်ခြင်းလုပ်ငန်း ရှိတော့မှာမဟုတ်ဘဲ မှတ်ပုံတင်လုပ်ငန်းသာ ရှိတော့မှာပါ” ဟု ဦးတင့်ဆွေကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ခြင်းလုပ်ငန်းများအား တစ်ဆင့်ပြီး တစ်ဆင့် ဖြေ လျော့ပေး ခဲ့ရာ ယခုအကြိမ်သည် ပဉ္စမအကြိမ်နှင့်နောက်ဆုံးအဆင့် ဖြေလျော့မှု ဖြစ်ကြောင်း ဦးတင့်ဆွေ ကပြောသည်။

သို့သော် ၁၉၆၂ခုနှစ်ပုံနှိပ်ဆိုင်ရာဥပဒေက အသက်ဝင်ဆဲရှိနေသဖြင့် မီဒီယာ ဥပဒေအသစ် မပေါ်ပေါက်မီ ကာလအတွင်း ထိုဥပဒေကိုပင် ဆက်လက် ကျင့်သုံးသွားရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ထုတ်ဝေသူများနှင့်အယ်ဒီတာများအား ယနေ့နံနက်၁၀နာရီ တွင် တွေ့ဆုံ ကာ ယင်းဖြစ်ပေါ်တိုးတက်မှုအား ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရေးသားသူ © အမေ့အိမ်အဖွဲ့ KING

2 comments :

  1. Nua Nout said... :

    This action of the present Myanmar Government is the significant milestone for the history of media in Myanmar.

  1. Unknown said... :

    မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး မရှိတော့ပါ။ ဝမ်းသာလှပါသည်။ သို့သော် ဤirrawaddy blog ကတော့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ကျနော်တို့ရေးသော comments များကို စိစစ်နေပါသည်။ ဝေဖန်မှုကို မခံနိုင်လျင် ဤblog ကို ဆက်၍မတင်ပါနဲ့ခင်ဗျား။ အဖြူရောင်သော်မှ မတူညီသော ရောင်စဉ် ခုနှစ်မျိုးဖြင့် ပေါင်းစပ်ထားသည်ကို သတိရစေချင်ပါသည် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved