ဦးသိန်းစိန်နဲ့စကားကောင်းနေလို့ လွှတ်တော်အစည်းအဝေးပျက်

Saturday, August 25, 2012

~



ကြာသပတေးနေ့မှာ သမ္မတဦးသိန်းစိန်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်း တို့ကို ခေါ်ဆွေးနွေးပါတယ်။ အကြောင်းအရာကတော့
နေပြည်တော်နိုင်ငံရေးလောကမှာ စကားလုံးမုန်တိုင်းဆင်နေကြတဲ့ အခြေခံဥပဒေခုံရုံးအကြောင်း ဖြစ်ပါတယ် တဲ့။
သူတို့တွေ မနက် ၉ နာရီကတည်းက စပြီး ဆွေးနွေးကြပါတယ်။

ဆွေးနွေးနေလိုက်ကြတာ ၁၀ နာရီစဖို့ ပြင်ထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို သူရဦးရွှေမန်း မရောက်ဖြစ်လိုက်ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ပဲ ပြည်သူ့လွှတ်တော်အစည်းအဝေး ပျက်သွားပါတယ် တဲ့။

အဲဒီအကြောင်း နောက်တနေ့ (သောကြာနေ့) ပြည်သူ့လွှတ်တော်မှာ ပြောကြဆိုကြတာတွေက ဒီလိုပါ -

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း
"မနေ့က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ရန် နံနက် ၁၀း၀၀ နာရီ၌စီစဉ်ထားသော်လည်း အစည်းအဝေး မကျင်းပဖြစ်တာကြောင့် တက်ရောက်ရန် စောင့်ဆိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန်လူပန်းဖြစ်ကြရပါတယ်။ ဒါဟာ ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာလည်းရောက်ခဲ့ပါတယ်"


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

"သမ္မတက ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်၍ ညှိနှိုင်းဆွေးနွေး လိုကြောင်း ဖိတ်ခေါ်ခဲ့၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မိမိနှင့် တာဝန်ရှိသူများက မနေ့က မနက် ၉ နာရီမှာ စတင်ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးကို ဒါကြောင့်လည်း အချိန်မီ မရောက်ခဲ့ခြင်းဖြစ်ပါတယ် --- လွှတ်တော်ကိုယ်စားလှယ်များအား စော်ကားရာ အဖြစ်မျိုး မရောက်အောင် အချိန်ကို တွက်ချက်ပြီး လေးစားလိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်း တင်ပြပါတယ်"
(ဓာတ်ပုံ - ဧရာဝတီ)

ဆက်စပ် - ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီး

ညွှန်း - ပြည်သူ့လွှတ်တော် အွန်လိုင်း pyithuhluttaw.gov.mm




~

3 comments :

  1. အားလုံးသောလွှတ်တော်ကိုယ်စားလှယ်များနဲ့သတင်းဖတ်ရှုသူများခင်ဗျား/လွှတ်တော်အစည်းဝေးတရက်လောက်ပျက်
    ကွက်တာကိုနားလည်ခွင့်လွှတ်ပေးစေလိုပါတယ်၊အခုလိုသမ္မတကြီးနဲ့ဥက္ကဌနှစ်ဦးအချိန်ကုန်ခံပြီးဆွေးနွေးကြပါစေ၊ဒါမှလဲ
    လက်ရှိဖြစ်ပေါ်နေတဲ့လွှတ်တော်တွင်းကတင်းမာနေမှုတွေကိုသုံးဦးသုံးဖလှယ်ဆွေးရင်းနဲ့အပြုသဘောဆောင်တဲ့အဖြေေ
    ကောင်းတွေရလာဖို့ကအဓိကကျတယ်လို့ထင်ပါတယ်။စာရေးသူကတော့သူတို့သုံးယောက်ရဲ့အခုလိုအချိန်ယူဆွေးနွေးမှုကို
    ထောက်ခံပါတယ်၊ဒိထက်ပိုပြီးတော့လဲစည်းလုံးညီညွတ်စွာဆွေးနွေးဖို့လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။

  1. Anonymous said... :

    ခွီးခွီး အပြောင်အပျက်ပဲသဘောထားပါ။ နှစ်ယောက် ဘီယာသောက်ရင်း အ၇င်ကအကြောင်းတွေစမြုံ့ပြန်ဖြစ်သွားလားမသိဘူးနော်။ တို့သမ္မတကြီးဆွဲပါစေ။ တတ်နိုင်ရင် Carlsberg beer လေးတောင်ပို့ပေးလိုက်ချင်. . . သွပ်သွပ်သွပ်

  1. Anonymous said... :

    သန်းရွှေအမိန့် ကိုအခန်းထဲမှာ ငုတ်တုပ်
    ထိုင်စောင့်နေတာ မသိတာမှတ်လို့ 

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved