တောင်သမန်အင်း ဦးပိန်တံတားမှာ မြစ်ရေတိုးတဲ့ မြင်ကွင်း။

Friday, August 10, 2012

(ဓာတ်ပုံ - ခက်ထန်/ဧရာဝတီ)



ပုံမှန်ဆို ဒီရာသီမှာ ဒီလို ရေတိုးနေကျပါပဲတဲ့။




အရင်က ဦးပိန်တံတားအောက်နားက စားသောက်ဆိုင်တွေ တဲတွေဆို ခေါင်းမိုးဖျားပဲ မြင်ရတော့တယ်။




ပုံမှန်က ရေဒီလို တိုးလေ့ရှိပေမယ့် ဒီနှစ် ဝါထပ်တော့ ဦးပိန်တံတား ရေကျော်မယ်ထင်တယ်လို့ ဆိုကြတယ်။



အနီးအနားကတော့ ဒီလို ရေကျော်မယ်၊ ရေတိုးမယ်ဆိုတာ သိပြီးသားမို့ ပြောင်းစရာရှိတာ ရွှေ့စရာတွေရှိ တာတွေ ရွှေ့ထားပြီးပြီတဲ့။





မိုးရွာရင် ဒီထက် ရေကြီးတာ ဆိုးတော့မယ်လို့ မန်းလေးသားတွေက စိုးရိမ်နေကြလေရဲ့။



ဒီလို ခေါင်မိုးမြုပ်အောင် ရေတက်လာတာက သူတို့အဖို့ မဆန်းပေမယ့် ကျနော်တို့လို ရွှေမန်းမြို့ကိုလာတဲ့ ဧည့်သည်တွေ အတွက်တော့ အဆန်းပါပဲ။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved