ဂျွန်ယက်ထော မြန်မာပြည်ဝင်ခွင့်လျှောက်တော့မလား

Friday, August 31, 2012


-






သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် ဂျွန်ယက်ထော ဆိုတဲ့ အမေရိကန်ကြီး အင်းလျားကန်မှာ ရေသွားကူးဖို့ အခွင့်အရေး ရသွားပါပြီ။

ဒီကနေ့ ပေါ်ပေါက်လာတဲ့ Black List ထဲကနေပယ်ဖျက်လိုက်တဲ့ နိုင်ငံခြားသားအမည် တထောင်ကျော်ထဲမှာ သူ့နာမည် ပါဝင်နေပါတယ်။

သူ့ရဲ့ မြန်မာပြည်နောက်ဆုံးခရီးစဉ်အတွင်း အဲဒီတုန်းက အထိန်းသိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်း အင်းလျားကန်ကိုဖြတ်ပြီး တိတ်တဆိတ် ၀င်ရောက်မှုကြောင့် သူ့ကို မြန်မာစစ်အစိုးရက ထောင်ချခဲ့သလို လွတ်ရက်စေ့တော့မယ် ဒေါ်အောင်ဆန်းစုကြည်နဲ့လက်ထောက် ၂ ယောက်လည်း နှစ်ရှည် ဆက်လက်ထိန်းသိမ်းခံလိုက်ရပါတယ်။

အဲဒီကတည်းက သူ့ကို ပြည်နယ်ဒဏ်ပေးခဲ့တာပါ။ ခုတော့ ဒီရေကူးချန်ပီယံကြီးကို အမည်ပျက်စာရင်းထဲကနေ ထုတ်လိုက်ပါပြီ တဲ့။

ဂျွန်ယက်ထော မြန်မာဗီဇာလျှောက်တော့မလား ဆိုတာကတော့ မသိရသေးပါဘူး။

ဒီကနေ့ထွက်ပေါ်လာတဲ့ နိုင်ငံတကာသတင်းတွေမှာတော့ မြန်မာပြည်မှာ နာမည်ပျက်စာရင်းထဲက နာမည်အများအပြား ဖြုတ်လိုက်တယ် ဆိုတာကို ဖော်ပြထားပြီး သူ့အကြောင်း ရေးထားကြတာကိုလည်း တွေ့နေရပါတယ်။




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved