ဟာ့ဂ်ျဘုရားဖူးခွဲတမ်းကိစ္စမကျေနပ်၍ သာသနာရေး ဦးစီးဋ္ဌာနရှေ့ဆန္ဒပြ (ဓါတ်ပုံများ - ဂျေပိုင်)
အစ္စလာမ်ဘာသာဝင်တချို့ ရန်ကုန်မြို့ သာသနာရေး ဦးစီးဋ္ဌာနရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ ဘုရားဖူးပွဲတော် သွားရောက်ခွင့် ဗီဇာ အကျိုးဆောင် လုပ်ငန်းကို ခရီးသွားကုမ္ပဏီတချို့ကပဲ လုပ်ပိုင်ခွင့် ရနေတယ်၊
ဒီကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် မပေးဘဲ အစ္စလာမ်ဘာသာရေးအဖွဲ့ ၅ ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ဆော်ဒီအာရေဗျသံရုံးက ခါတိုင်းနှစ်တွေမှာ ဘုရားဖူးခရီးသွားဗီဇာ သုံးလေးထောင် ထုတ်ပေးပေမယ့် ပြီးခဲ့တဲ့နှစ်ကတော့ ငါးထောင်အထိ ထုတ်ပေးခဲ့ပါတယ်။
အရေအတွက် တိုးပေးတဲ့နှစ်မှာပဲ ဘုရားဖူးအများအပြား လေဆိပ်က လှည့်ပြန်ရပုံကို
မက္ကာ ဘုရားဖူး ၁၀၀၀ ခန့် လေကြောင်းလိုင်းကြောင့် ခရီးစဉ်ပျက် မှာ ဖတ်ရှုနိုင်ပါတယ်။
မင်းတို့က လူနည်းစု(minority)ဖြစ်တဲ့တိုင်းပြည်တွေမှာ အခွင့်အရေး ရသလောက်တောင်း။
မင်းတို့ လူများစု(majority)ရှိတဲ့ နိုင်ငံတွေမှာတော့ အနိုင်ကျင့်ခွဲခြား ဖိနှိပ်။
မျှမျှတတ မြင်တတ်အောင် လေ့ကျင့်မွေးမြူကြပါ။
ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်နေထိုင်ကြပါ။