မြန်မာအမျိုးသမီး ၃၈ ဦးရဲ့ ကြိုးညှိခြင်း

Sunday, August 12, 2012



မြန်မာပြည်မှာ ကဗျာဆရာမဦးရေ အများဆုံး ပါဝင်တဲ့ ကဗျာ စုစည်းမှု စာအုပ် မကြာခင် ဖြန့်ဝေတော့မယ်လို့ သိရပါတယ်။

ဒီစာအုပ်မှာ ကဗျာဆရာမ ၃၅ ယောက်ရဲ့ ကဗျာ ၉၈ ပုဒ် ပါဝင်ပါလိမ့်မယ်။

"ကြိုးညှိခြင်း- မြန်မာအမျိုးသမီးကဗျာများ စုစည်းမှု" စာအုပ်မိတ်ဆက်ပွဲ၊ လက်မှတ်ရေးထိုး ရောင်းချပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။

ရောင်းဈေးက မြန်မာငွေ ၂,၅၀၀ ကျပ်ပါ။

စာအုပ်အတွက် သစ္စာနီ၊ ဇေယျာလင်း နှင့် လင်းနီညိုတို့က မှတ်ချက်များချီးမြှင့်ထားပါတယ် တဲ့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved