၂ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

Sunday, August 12, 2012



မောင်မောင်မြင့်သန်းမောင် ~


ကမ္ဘာသုံး အင်္ဂလိပ်ပြက္ခဒိန်၏ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ၂ ရက်၊ ၁၁ ရက်၊ ၂ဝ ရက်နှင့် ၂၉ ရက်များတွင် မွေးဖွားသော ၂ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်နည်းလမ်းများကို ဆက် လက်ရေးသားဖော်ပြပါမည်။

ဇူလိုင်လ ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွားသူများ

ဇူလိုင်လ ၂ ဂဏန်း ရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းများမှာ ၁၊ ၂ ဂဏန်း နှင့် ၇ ဂဏန်းများဖြစ်ကြသည်။ မည်သည့် လတွင်မဆို ၁၊ ၂၊ ၇၊ ၁ဝ၊ ၁၁၊ ၁၆၊ ၁၉၊ ၂ဝ၊ ၂၅၊ ၂၈ နှင့် ၂၉ ရက်နေ့များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို ဆောင်ရွက်သင့် သည်။ ထီကံစမ်းသင့်သည်။
အိမ်၊ ခြံနံပါတ်၊ ယာဉ်ကား နံပါတ်၊ ထီနံပါတ်များကို ဂဏန်း အားလုံးပေါင်းခြင်း ၁ သို့မဟုတ် ၂ သို့မဟုတ် ၇ ဂဏန်းရသော နံပါတ် များကိုရွေးချယ်သင့်သည်။

လာဘ်ကောင်းစေရန်၊ ကံနိမိတ် ကောင်းစေရန် တပ်ဆင်သုံးစွဲသင့်သော အရောင်များမှာ အဖြူရောင်၊ နို့နှစ် ရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ရွှေ ရောင်၊ လိမ္မော်ရောင်၊ ညိုရွှေရောင်နှင့် ခိုပြာရောင်များဖြစ်သည်။

အဆောင်ရတနာအဖြစ် မိမိနှင့် ဓာတ်တည့်သော ကျောက်စိမ်း၊ ပုလဲ လကျောက်(မျော) ဥဿဖယား၊ ပယင်းနှင့် စိန်တစ်ခုခုတို့ အမြဲဝတ် ဆင်သင့်သည်။

မည်သည့်လတွင်မဆို ၁၊ ၂ နှင့် ၇ ဂဏန်းရက်များတွင် မွေးဖွားသူ များနှင့် အဆင်ပြေမည်။ ရွေးချယ် ပေါင်းသင်းဆက်ဆံသင့်သည်။

မိမိသက်တမ်းတွင် အရေးကြီး သော အကျိုးအဖြစ် ထူးထူးခြားခြား ဖြစ်ပေါ်တတ်သော အသက်အရွယ် များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၇၊ ၅၂၊ ၆၁၊ ၆၅ နှင့် ၇ဝ များဖြစ်သည်။

သြဂုတ်လ ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွားသူများ

သြဂုတ်လ ၂ ဂဏန်းရက်ဖွား များအတွက် ၁၊ ၂၊ ၄၊ ၇၊ ၁ဝ၊ ၁၁၊ ၁၃၊ ၁၆၊ ၁၉၊ ၂ဝ၊ ၂၂၊ ၂၅၊ ၂၈၊ ၂၉ နှင့် ၃၁ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများ ဆောင်ရွက်သင့်သည်။ ထီကံစမ်းသင့် သည်။
အိမ်၊ ခြံနံပါတ်၊ ယာဉ်၊ ကား နံပါတ်၊ ထီနံပါတ် စသည့်နံပါတ် များကို ဂဏန်းအားလုံးပေါင်းခြင်း၊ ၁၊ ၂၊ ၄ နှင့် ၇ ဂဏန်းရသော နံပါတ်တစ်ခုခုကို ရွေးချယ်သင့်သည်။
မိမိနှင့်ဓာတ်တည့်သော မိမိအား ကံနိမိတ်ကောင်းစေသော အရောင် များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ညိုရွှေရောင်၊ ခိုပြာရောင် နှင့် မီးခိုးရောင်များဖြစ်သဖြင့် ရွေးချယ် တပ်ဆင်သုံးစွဲသင့်သည်။

ပုလဲ-ကျောက်(မျော)၊ ကျောက် စိမ်း၊ ဥဿဖယား၊ နီလာနှင့် ပယင်း ကျောက်မျက်များသည် မိမိနှင့်ဓာတ် တည့်ပြီး ကံနိမိတ်ကောင်းစေတတ် သဖြင့် တစ်မျိုးမျိုးကို အဆောင်ရတ နာအဖြစ် အမြဲဝတ်ဆင်ထားသင့် သည်။
မည်သည့်လတွင်မဆို ၁၊ ၂၊ ၄ နှင့် ၇ ဂဏန်းရက်များတွင် မွေးဖွား သူများနှင့်သင့်မြတ်မည်။ ရွေးချယ် ပေါင်းသင်းဆက်ဆံသင့်သည်။

မိမိတို့၏အသက် ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝနှစ် များတွင် အရေးကြီးသည်။ အကျိုး အဖြစ်ထူးထူးခြားခြား ဖြစ်ပျက်တတ် သည်။

စက်တင်ဘာလ ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွားသူများ

စက်တင်ဘာလ ၂ ဂဏန်းပိုင် ရှင်များအတွက် အရေးကြီးသော ဂဏန်းများမှာ ၂ နှင့် ၇ ဂဏန်းများ ဖြစ်သည်။ မည်သည့်လတွင်မဆို ၂၊ ၃၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက်များတွင် အရေးကြီးသောလုပ်ငန်း ကိစ္စများကို လုပ်ဆောင်သင့်သည်။ ထီကံစမ်းသင့်သည်။

မိမိနှင့်ဓာတ်တည့်သော မိမိအား ကံနိမိတ်ကောင်းစေသော အရောင် များမှာ အစိမ်းရောင်နုနု၊ မီးခိုးရောင်နှင့် အပြာရောင်များဖြစ်သည်။ ထိုအရောင် အသွေးရှိသော အဝတ်အထည်၊
အသုံးအဆောင်ပစ္စည်းများကိုသာ ရွေးချယ်တပ်ဆင်သုံးစွဲသင့်သည်။ အရောင်ရင့်ရင့်များကို ရှောင်ကြဉ်သင့် သည်။

ကျောက်စိမ်း၊ ဖြူဝါရောင် ကျောက်နှင့် ပုလဲကျောက်မျက်များ သည် မိမိအတွက် နိမိတ်ကောင်းသော ဓာတ်တည့်သော ရတနာဖြစ်သဖြင့် တစ်မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။ကျောက် စိမ်းသည် မိမိအတွက် အကောင်းဆုံး ရတနာဖြစ်သည်။ ။
တခြား မည်သည့်လတွင်မဆို ၂ ဂဏန်းနှင့် ၇ ဂဏန်းရက်များတွင် မွေးဖွားသူများအပေါ် ဆွဲဆောင်မှုရှိ သည်။ ရွေးချယ်ပေါင်းသင်းဆက်ဆံ သင့်သည်။

အရေးကြီးသော အကျိုးအဖြစ် ထူးခြားစွာ ဖြစ်ပျက်တတ်သော အသက်အရွယ်များမှာ ၂၊ ၁၁၊ ၂ဝ၊ ၂၉၊ ၃၈၊ ၄၇၊ ၅၆၊ ၆၂ နှင့် ၇၄ နှစ်များ ဖြစ်ကြသည်။

အောက်တိုဘာလ ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွားသူများ

အောက်တိုဘာလ ၂ ဂဏန်း ပိုင်ရှင်တို့အတွက် အရေးကြီးသော ဂဏန်းများမှာ ၂၊ ၇ နှင့် ၉ ဂဏန်း များပင်ဖြစ်သည်။ အရေးကြီးသော လုပ်ငန်းကိစ္စများကို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅နှင့် ၂၉ ရက်များတွင် ဆောင်ရွက်သင့်သည်။ ထီကံစမ်းသင့် သည်။ ၄၊ ၈နှင့် ၉ ဂဏန်းရက်များ တွင်အရေးကြီးသော လုပ်ငန်းကိစ္စများ ကို မလုပ်ဆောင်သင့်ချေ။ ရှောင်ကြဉ် သင့်သည်။
မည်သည့်လတွင်မဆို မွေးသည့် ၄၊ ၈၊ ၉၊ ၁၃၊ ၁၇၊ ၁၈၊ ၂၂၊ ၂၆၊ ၂၇ နှင့် ၃၁ ရက်များတွင် အရေး ကြီးသော လုပ်ငန်းများကို လုပ်ဆောင် ခြင်းမှ ရှောင်ကြဉ်ရန်ဖြစ်သည်။

အိမ်၊ ခြံနံပါတ်၊ ကားနံပါတ်၊ ထီနံပါတ် စသည့်နံပါတ်များကိုရွေး ချယ်မည်ဆိုပါက ဂဏန်းအားလုံး ပေါင်းခြင်း ၂ သို့မဟုတ် ၇ ဂဏန်း ရသော နံပါတ်များကိုသာ ရွေးချယ် သင့်သည်။ ၄၊ ၈ နှင့် ၉ ဂဏန်း တစ်ခုခုရသော နံပါတ်များကို မရွေး ချယ်သင့်၊ ရှောင်ကြဉ်သင့်သည်။

အစိမ်းရောင်၊ အဖြူရောင်၊ နို့ နှစ်ရောင်၊ အပြာရောင်နှင့် မီးခိုးရောင်နု ရှိသော အဝတ်အထည်၊ ယာဉ်၊ ကား အသုံးအဆောင်များကို ရွေးချယ်ဝတ် ဆင်သုံးစွဲသင့်သည်။

အဆောင်ရတနာအဖြစ် မိမိအား ကံနိမိတ်ကောင်းစေသော ကျောက် စိမ်း၊ ပုလဲ၊ လကျောက်၊ ဥဿဖ ယား၊ ပယင်း၊ စိမ်းပြာရောင်ကျောက် မျက်တစ်မျိုးမျိုးကို အမြဲဝတ်ဆင်ထား သင့်သည်။
မည်သည့်လတွင်မဆို ၂ ဂဏန်း နှင့် ၇ ဂဏန်းရက်များတွင် မွေးဖွား သူများအပေါ် ဆွဲဆောင်မှုရှိမည်။ ၁ ဂဏန်းနှင့် ၄ ဂဏန်းရက်များတွင် မွေးဖွားသူများနှင့်လည်း ပေါင်းသင်း ဆက်ဆံမှုများမည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုးအဖြစ် ထူးထူးခြား ခြားဖြစ်ပေါ်တတ်သော အသက် အရွယ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များဖြစ် ကြသည်။

နိုဝင်ဘာလ ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွားသူများ

နိုဝင်ဘာလ ၂ ဂဏန်းပိုင်ရှင်တို့ အတွက် အရေးကြီးသော ဂဏန်း များမှာ ၂ ဂဏန်းနှင့် ၇ ဂဏန်းများ ဖြစ်ကြသည်။ ထို့ကြောင့် မည်သည့် လတွင်မဆို ၂ ဂဏန်းနှင့် ၇ ဂဏန်း ရက်များဖြစ်သော ၂၊ ၇၊ ၁၁၊ ၁၆၊ ၂၈၊ ၂၅ နှင့် ၂၉ ရက်များတွင် အရေး ကြီးသော လုပ်ငန်းကိစ္စများကို ဆောင် ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။

နံပါတ်ဂဏန်းများအားလုံး ပေါင်းခြင်း ၂ သို့မဟုတ် ၇ ဂဏန်း ရသော နံပါတ်များကို အိမ်၊ ခြံ နံပါတ်၊ ယာဉ်ကားနံပါတ်၊ ထီနံပါတ် စသည့် မိမိရွေးချယ်လိုသော နံပါတ် ဂဏန်းများအဖြစ် ရွေးချယ်သင့်သည်။
မိမိနှင့် ဓာတ်တည့်သော ကံနိ မိတ်ကောင်းစေသော အရောင်များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ မီးခိုးနုရောင်များဖြစ်သည်။ ထိုအရောင် အသွေးရှိသော အဝတ်အထည်၊ ယာဉ်ကား အသုံးအဆောင်ပစ္စည်းများ ကိုသာ တတ်နိုင်သမျှ ရွေးချယ်ဝတ် ဆင်သုံးစွဲသင့်သည်။

အစိမ်းရောင်ကျောက်စိမ်း၊ ပုလဲ၊ ဖြူဝါရောင်လကျောက်နှင့် နီလာ ကျောက်မျက်တို့သည် မိမိနှင့်ဓာတ် တည့်သည် မိမိကို ကံနိမိတ်ကောင်း စေတတ်သည်။

ထိုကျောက်မျက်အမျိုးမျိုးကို အဆောင်ရတနာအဖြစ် ရွေးချယ်၍ အမြဲ ဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို ၁၊ ၂၊ ၄ နှင့် ၇ ဂဏန်းရက်များတွင် မွေးဖွား သူများအပေါ် ဆွဲဆောင်မှုရှိမည်။ ရွေးချယ်ပေါင်းသင်းဆက်ဆံသင့် သငည်။

၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၇၊ ၅၂၊ ၅၆။ ၆၂၊ ၆၅နှင့် ၇ဝ နှစ်များသည် မိမိအတွက် အရေး ကြီးသည်။ ထိုအသက်အရွယ်များ တွင် အကျိုးအဖြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သည်။

ဒီဇင်ဘာလ ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွားသူများ

ဒီဇင်ဘာလ ၂ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသောဂဏန်း များမှာ ၂၊ ၃ နှင့် ၇ ဂဏန်းများဖြစ် ကြသည်။ ထို့ကြောင့် မည်သည့်လ တွင်မဆို ၂၊ ၃၊ ၇၊ ၁၁၊ ၁၂၊ ၁၆၊ ၂ဝ၊ ၂၁၊ ၂၅ နှင့် ၂၉ ရက်များတွင် အရေးကြီးသော ကိစ္စများကို ဆောင် ရွက်သင့်သည်။ ထီကံစမ်းသင့်သည်။
အိမ်၊ ခြံနံပါတ်၊ ယာဉ်ကား နံပါတ်၊ ထီနံပါတ် စသည့်နံပါတ် ဂဏန်းများကို ရွေးချယ်လိုပါက နံပါတ်များအားလုံးပေါင်းခြင်း ၂ သို့မဟုတ် ၃ သို့မဟုတ် ၇ ဂဏန်း ရသော နံပါတ်များကို အထူးဦး စားပေးရွေးချယ်သင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း သော အရောင်များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ ခိုပြာရောင်၊

ဈေးကွက်ဂျာနယ် zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved