နယူးဒေလီက ၈၈ နှစ်ပတ်လည်နေ့

Wednesday, August 8, 2012

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ကျရောက်တဲ့ ၂၄ နှစ်မြောက် ၈၈ လူထုလှုပ်ရှားမှုနှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲတရပ်ကို နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။



၈၈ လူထုအုံကြွမှုနောက်ပိုင်း အိန္ဒိယကို ရောက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီ ဆိုပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီရသေးတာ မဟုတ်တဲ့အကြောင်း၊ အရပ်သားအစိုးရအဖြစ်ပြောင်းလဲသွားတဲ့ သမတသိန်းစိန် အစိုးရသစ် လက်ထက်မှာ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ ရှိနေသေးတဲ့အကြောင်း၊ ပြည်တွင်းစစ်မီးတွေ မငြိမ်းသေးသလို လယ်ယာမြေသိမ်းခံရတာတွေ၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် မရရှိသေးတာတွေကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ကြိုးပမ်းကြရဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved