မဲဆောက်က အလှမယ်ပြိုင်ပွဲ

Thursday, August 16, 2012



မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာမယ် ရွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ၌ သြဂုတ်လ ၁၅ ရက်နေ့ ညကကျင်းပရာ မြ၀တီခရိုင်မှမယ် ၁၅ ဦးဝင်ရောက်ယဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များအနက် မသဲစုစုအောင် (ပထမ) မမိုးသူဇာ (ဒုတိယ) မယုဇနခိုင် (တတိယ) တို့ရရှိခဲ့ကြပြီး ဆုများကို မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နှင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆူရိယပရဆာဗန်ဒစ်တို့က ပေးအပ် ချီးမြှင့်ခဲ့ကြသည်။




မယ်ရွေးပွဲကိုထိုင်းနှင့်မြန်မာပရိသတ် ၂၀၀၀ ကျော်လာရောက်အားပေးခဲ့ကြပြီး ပွဲတော် လာရောက်မည့် မြန်မာ များအတွက် မြ၀တီခရိုင်အုပ်ချုပ်ရေးအဖွဲ့ တံတားကို ည ၁၀ နာရီအထိဖွင့်လှစ်ပေးခဲ့သည်။




ပွဲတော်ကျင်းပရေးကော်မတီက ချစ်ကြည်ရေးအထိမ်းအမှတ် ထိုင်းမယ်ရွေးပွဲကိုလည်း တနင်္လာနေ့ ညက ကျင်းပ ခဲ့ပြီး ဆုရရှိသည့်မြန်မာနှင့်ထိုင်းအလှမယ်များကို ပထမငွေသားဘတ် ၂၀၀၀၀၊ဒုတိယငွေသားဘတ် ၁၀၀၀၀၊တတိယငွေသားဘတ် ၅၀၀၀ ကိုပေးအပ်ခဲ့သည်။




ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ၁၉၉၇ ခုနှစ်သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး၏ အဓိကကုန်သွယ်ရေးလမ်းကြောဖြစ်သည်။










ဓါတ်ပုံ/ သတင်း ရဲရင့်မောင် (Popular Myanmar News Journal)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved