![](http://2.bp.blogspot.com/-QlIqKDzpb8Q/UBssCAjUYuI/AAAAAAAAHqc/0K7EbFAV7Sw/s400/396792_273327312772863_408111670_n.jpg)
ရွှေမင်းသားဖောင်ဒေးရှင်းက ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ထံသို့ ချိုင်းထောက်အစုံ (၃၀) နှင့် ဘီးတပ်ထိုင်ခုံ (၃) စီး လှူဒါန်းခြင်း အခမ်းအနား တခုကို လွန်ခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်းပေါ်က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းတွင် ကျင်းပခဲ့ပါတယ်။
![](http://1.bp.blogspot.com/-YhKOeg54Zqs/UBssCam60NI/AAAAAAAAHqo/55cTgdElv4U/s400/427213_273326676106260_1413988570_n.jpg)
အဲဒီ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းနဲ့ တေးသံရှင် ဂျေညီညီ၊ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြသည်။
ကြည်နူးဖွယ် အလှူတခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။
0 comments :
Post a Comment