လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မရှိပါဘူးတဲ့။
သတင်းစာမှာ စာမျက်နှာ ၂ မျက်နှာခွဲ ရှိတဲ့၊ ဖတ်ပြီးရင် သေချာပေါက် ခေါင်းမူးသွားမယ့် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် နိဂုံးချုပ်စာကြောင်းကိုပဲ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတော့ ခုံရုံးနဲ့ ဖြစ်နေတဲ့ အငြင်းပွားမှုကို ပြေလည်သွားဖို့ ညှိနှိုင်းနေ ကြိုးစားနေပါတယ် လို့ ဆိုပါတယ်။
ဒီသတင်းများကြောင့် အခြေခံဥပဒေခုံရုံး ဆိုတာဟာ ရှိလို့ရှိမှန်း မသိသူတွေ ခုတော့ သိသွားရပါပြီ။
ခုံရုံး ဥက္ကဋ္ဌကတော့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဖြစ်ပါတယ်။
သူက စစ်တပ်မှာ စစ်ဥပဒေချုပ်၊ အရပ်ဘက်မှာတော့ ဒုတိယတရားသူကြီးချုပ် စတဲ့ စတဲ့ တာဝန်ကြီးတွေ ယူခဲ့သူပါ။
ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့မှု ဘယ်လို၊ ဘယ်တော့ အဆုံးသတ်သွားမယ် ဆိုတာက စိတ်ဝင်စားစရာပါပဲ။
ခုံရုံးလူကြီးမင်းတို့ရဲ့ ဓာတ်ပုံတွေကို ခုံရုံးအွန်လိုင်း
myanmarconstitutionaltribunal.org.mm ကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
တဖွဲ့လုံး ဘာမှ မဖြစ်ကြရင်တော့ ကောင်းပါတယ်။