ပေါ်ပြူလာဖြစ်လာတဲ့ အခြေခံဥပဒေခုံရုံး

Thursday, August 16, 2012

အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်တခု ဒီနေ့ အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။

လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မရှိပါဘူးတဲ့။

သတင်းစာမှာ စာမျက်နှာ ၂ မျက်နှာခွဲ ရှိတဲ့၊ ဖတ်ပြီးရင် သေချာပေါက် ခေါင်းမူးသွားမယ့် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် နိဂုံးချုပ်စာကြောင်းကိုပဲ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတော့ ခုံရုံးနဲ့ ဖြစ်နေတဲ့ အငြင်းပွားမှုကို ပြေလည်သွားဖို့ ညှိနှိုင်းနေ ကြိုးစားနေပါတယ် လို့ ဆိုပါတယ်။

ဒီသတင်းများကြောင့် အခြေခံဥပဒေခုံရုံး ဆိုတာဟာ ရှိလို့ရှိမှန်း မသိသူတွေ ခုတော့ သိသွားရပါပြီ။

ခုံရုံး ဥက္ကဋ္ဌကတော့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဖြစ်ပါတယ်။

သူက စစ်တပ်မှာ စစ်ဥပဒေချုပ်၊ အရပ်ဘက်မှာတော့ ဒုတိယတရားသူကြီးချုပ် စတဲ့ စတဲ့ တာဝန်ကြီးတွေ ယူခဲ့သူပါ။

ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့မှု ဘယ်လို၊ ဘယ်တော့ အဆုံးသတ်သွားမယ် ဆိုတာက စိတ်ဝင်စားစရာပါပဲ။

ခုံရုံးလူကြီးမင်းတို့ရဲ့ ဓာတ်ပုံတွေကို ခုံရုံးအွန်လိုင်း

myanmarconstitutionaltribunal.org.mm
ကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။











4 comments :

  1. Anonymous said... :

    တဖွဲ့လုံး ဘာမှ မဖြစ်ကြရင်တော့ ကောင်းပါတယ်။

  1. နှုတ်ထွက် ခိုင်းသင့်ပါသည်....
    တိုင်ပြည်အရေး မိုးမီးလောင်နေပစေ... ငတေမာဖို့ လိုတယ် ဆိုတဲ့ သူတွေလို့ သုံးသပ်ပါတယ်....
    တစ်စုံ တစ်ဦး အလိုကျအောင် အများကို လျစ်လျူ ရှု့ပြီး အတတ်ပညာ ကိုခုတုံးလုပ် နေ့သူတွေ အဖြစ် တွေ့မြင်လာရ ပါတယ်...

  1. Nua Nout said... :

    I totally agree with the article entitled “Constitution and pillars’ duties” appeared in the Myanmar Government’s media of today 17 August 2012 ( Kyay Hmone, Myanma Ahlin & New Light of Myanmar) written by Maung Aye Chan (Harvard).
    The Irrawaddy Blog should reproduce this article for the attention of the readers and to educate them.
    I honestly wish Myanmar people understand the decision made by the Constitutional Tribunal of Myanmar Hluttaw on this issue.
    The Myanmar Government led by President U Thein Sein should find out and organize the government servants who had chances to study at the universities in US (Harvard/Yale/John’s Hopkins/ etc. ), UK (Oxford/Cambridge/London School of Economics/ etc….) who are still serving in Myanmar Government Services for their contribution towards the reform process in Myanmar.

  1. သမာဓိမရှိရင်ထွက်ကြ၊ဒီမိုကရေစီခေတ်ရောက်နေပြီ
    တစ်ယောက်အမိန့်ကိုနာခံပြီးအမှန်ကိုမျက်ကွယ်မပြု့သင့်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved