ပြည်သူကို မပစ်နဲ့

Tuesday, August 21, 2012






ဒီမနက် တွေ့ရတဲ့ BGF အရာရှိ ဗိုလ်မှူးမုတ်သုန် နဲ့ နယ်ခြားတပ် ညွှန်မှူး ဗိုလ်ချုပ်မောင်မောင်အုန်း (ဓာတ်ပုံများ - ဧရာဝတီ)

လုံခြုံရေးတပ်ဖွဲ့တွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ ပြည်သူတွေကို ပစ်ဖို့မဟုတ်၊ တိုင်းရင်းသားအချင်းချင်း ပစ်ဖို့ မဟုတ်ဘူး လို့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီမနက် ပြောလိုက်ပါတယ်။
ရှေ့တန်း အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး စိုးနိုင်ဦး


ဒီမနက် မြ၀တီမြို့ပြင်က ကျေးလက်ဒေသတခုဖြစ်တဲ့ မေတ္တာလင်းမြိုင်မှာ ပြုလုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ် ၂ နှစ်ပြည့် စစ်ရေးပြ အခမ်းအနားမှာ ပြောလိုက်တာပါ။

ပြည်သူတွေကို ပစ်ဖို့မဟုတ်ဘူး ဆိုတာကို မိန့်ခွန်းထဲမှာ ၂ ကြိမ်တိတိ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ထဲ ရောက်နေပြီ ဖြစ်တယ်၊ သမ္မတရဲ့အမိန့်ကို စစ်တပ်က မနာခံဘူး ဆိုတဲ့ ကောလာဟလတွေကို မယုံကြဖို့ စသဖြင့် အကြောင်းအရာမျိုးစုံကို ပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းက မိန့်ခွန်းစာရွက်ဖတ်ပြတာ မဟုတ်ဘဲ လေးလေးနက်နက်ပြောသွားတာ တွေ့ရပါတယ်။

"အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း တို့နိုင်ငံကို လာပြီးဖြစ်တယ်" လို့ ပြောဆိုသလို နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုရှိအောင် ဆောင်ရွက်လျက်ရှိပါတယ် တဲ့။

ဒီမနက် မေတ္တာလင်းမြိုင်မှာလုပ်တဲ့ပွဲက BGF တပ်ရင်း ၁၀၂၂ အတွက် ဖြစ်ပါတယ်။ မနေ့မနက်က မြ၀တီမြို့ ကုက္ကိုမြိုင်ကျေးရွာမှာ ကျင်းပတာကတော့ တပ်ရင်း ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀ တို့အတွက်ပါ။

ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီ နှစ်ပွဲလုံးကို တက်ရောက်ပြီး ဒီအကြောင်းအရာတွေပဲ ပြောသွားတာ ဖြစ်ပါတယ်။

ဒီဒေသမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့များရဲ့ ကိုယ်စားလှယ်တွေ၊ BGF တပ်ဖွဲ့ဝင်တွေ၊ ကျောင်းသူကျောင်းသားလေးတွေ အများအပြားကို ဒီနေ့ အခမ်းအနားမှာ တွေ့ရပါတယ်။ အရေအတွက်က တထောင် နီးပါး ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သတင်းသမားေ အများအပြား သတင်းယူနေတာလည်း တွေ့ခဲ့ရပါတယ်။
နယ်ခြားစောင့်တပ်တီးဝိုင်းအဖွဲ့

နယ်ခြားစောင့်တပ်၂ နှစ်ပြည့် အခါသမယမှာ အစိုးရစစ်တပ်အရာရှိများ နဲ့ BGF တပ်ဖွဲ့ဝင်များကို ရွှင်ရွှင်ပျပျ တွေ့ရပါတယ်။

BGF အရာရှိများရဲ့ ဒီကနေ့ ပြောဆိုမှုတွေမှာတော့ သူတို့ဟာ အစိုးရလက်အောက်က အဖွဲ့အစည်းတခုဖြစ်တယ်၊ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်မှုကိုလည်း ခံယူတယ် စသဖြင့် ပါဝင်ပါတယ်။

သူတို့ ပြောသလိုပဲ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်မှုကိုခံယူကြောင်း ဆိုင်းဘုတ်တချို့ကိုလည်း သူတို့လှုပ်ရှားတဲ့ ဒီနယ်မြေအတွင်းမှာ တွေ့ခဲ့ရပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ မိန့်ခွန်းထဲမှာတော့ BGF တပ်ဖွဲ့ဝင်တွေဟာ ယခင် DKBA အဖွဲ့မှာ တာဝန်ထမ်းနေရသလိုပါပဲ၊ အုပ်ချုပ်သူအရာရှိ၊ ဆောင်ရွက်ရတဲ့ တာဝန်၊ ဒေသတွေဟာ အတူတူပဲ လို့ ဆိုသွားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။ အဲဒီထဲမှာ DKBA တပ်အများအပြားလည်း ပါဝင်ပါတယ်။

အခမ်းအနားပြီးဆုံးချိန် အမှတ်တရ


3 comments :

  1. Unknown said... :

    ဗိုလ်ချုပ်မောင်မောင်အုန်းကဲ့သို့သော စစ်ခေါင်းဆောင်များကို လေးစားစွာဖြင့် ကြိုဆိုပါသည်။

  1. gold said... :

    အခြားဗိုလ်ချုပ်တွေလည်းမိန့်ခွန်းတိုင်းမှာယခုလိုလက်နက်တွေဟာပြည်သူတွေကိုပစ်ဖို့မဟုတ်ဘူးဆိုတဲ့စကားကိုမကြာမကြာအသုံးပြုခြင်းအားဖြင့်လက်နက်ကိုင်ပြီးနိုင်ငံတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများလဲအာဏာရှင်နှင့်ပြည်သူမည်သူကအဓိကလဲဆိုတာကိုယ်တိုင်ကိုယ်စီနားလည်သဘောပေါက်ပြီးပြည်သူအားလုံးကလက်ကမ်းပေးမယ့်အောင်သပြေပန်းကိုတပ်တွင်းမိသားစုကသာအမိန့်အရကမ်းသောအောင်သပြေထက်ပိုပြီးတန်ဘိုးထားလာပါလိမ့်မယ်။ပြည်သူအားလုံးကလည်းပြည်သူ့ဘက်ကမားမားရပ်တည်ပေးမယ့်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုငံ့လင့်နေတာနှစ်ပေါင်း(50)လောက်ရှိသွားပါပြီ။နောက်ထပ်တော့,......

  1. Anonymous said... :

    Hi KMMA
    Your speech is the most flashing to people in Burmese history. On record of Hlutaw government.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved