ပဲခူးမြစ်တလျှောက် ရေကြီးမှုအခြေအနေ

Monday, August 6, 2012

~

ကျော်ခ

ပဲခူးမြစ်တလျှောက် ယနေ့တွေ့ရသည့် မြင်ကွင်းများ။
အလှူရှင်တချို့က ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံကြသည့် ဒေသခံတို့အတွက် ထမင်းထုပ်ပေးပို့လှူဒါန်းနေကြသည် (ဓာတ်ပုံများ-ဧရာဝတီ)

ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များ ရေမြှုပ်နေသကဲ့သို့ ပဲခူးအနီးရှိ ကဝမြို့နယ်အတွင်း အုန်းနှဲ၊ ကျားတက်၊ ကမာကလဲ၊ နိဗ္ဗာန် အပါအဝင် ကျေးရွာ ၁၀ ရွာကျော် ရေမြှုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ရေကြီးနေမှုသည် ၅ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း၊ ကျဲထားသည့်ပျိုးစပါးများလည်း ရေနစ်မြှုပ်နေကြောင်း၊ တစ်ပတ်ကျော် ရေနစ်မြှုပ်လျှင် ပျက်စီးကုန်မည် ဖြစ်ကြောင်း လယ်သမားတို့က ပြောသည်။
ပဲခူးမြစ်ဘေးရှိ နေအိမ်များ ရေမြုပ်နေသော ကမာကလဲ၊ ကျားတက် စသည့် ကျေးရွာများတွင် တစ်အိမ်နှင့်တစ်အိမ် ကူးသန်း သွားလာခြင်းနှင့် ဈေးဝယ်ထွက်ခြင်းများအတွက် လှေကို အသုံးပြုနေရသည်ဟု ဆိုသည်။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved