~
စည်သူ

ဒီတခါ တင်ပြမယ့် သတင်းတပုဒ်က ဇေကမ္ဘာကုမ္ပဏီနဲ့ ပါတ်သက်ပါတယ်။
ဟုတ်ပါတယ် - လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီပါ။
ဟုတ်ပါတယ် - လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီပါ။

ဇေကမ္ဘာကုမ္ပဏီက လမ်းကို ပိတ်ပစ်လိုက်လို့ ဆင်ဖုန်ကျေးရွာအပါအ၀င် စစ်ပင် ၊
ဘားလား ၊ မလစ်ရွာက ဒေသခံ ပြည်သူတွေ သွားလာရေးအတွက် အခက်ခဲဖြစ်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။

ဒါပေမယ့် ဒီဓာတ်တိုင်တွေဟာ သူ့ပိုင်နက်ထဲ ရောက်နေတယ်လို့ ဇေကမ္ဘာကုမ္ပဏီက ဆိုပါတယ်။
ဓါတ်တိုင် ၃၄တိုင်ကို ပြန်နုတ်ပေးဖို့ ပြောနေတာကြောင့် လျှပ်စစ်မီး တွယ်တန်းရမယ့် အစီအစဉ်ကို အစိုးရလျှပ်စစ်ဌာနက ရပ်ဆိုင်းထားရကြောင်း သိရပါတယ်။

ဥပဒေအာဏာ သက်ရောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရထက် ပုဂ္ဂလိက လုပ်ငန်းရှင်က ဒီလောက် အစွမ်းထက်ပြီး လုပ်ပိုင်ခွင့်တွေ များနေရင် ပြည်သူတွေကို
ဘယ်သူက ကြည့်ကြမှာလဲလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသောင်းထွန်းက သုံးသပ်ပြပါတယ်။

မိုးရေတိုက်စားမှုရှိပြီး လှေ ၊ သမ္မာန် ၊ ပဲ့တောင်တွေနဲ့ ခေတ်အလိုက်အသုံးပြုခဲ့ရတာလို့ ဒေသခံတွေက ရှင်းပြပါတယ်။
၁၉၈၇ ခုနှစ်မှာ ကိုယ်ထူကိုယ်ထ မြေသားလမ်းတွေ ဖေါက်လုပ်ခွင့် ပေးခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ အစိုးရက တရားဝင် ဂ၀ံလမ်း ဖောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ဖုန်ကျေးရွာနဲ့ ရွေပေါက်ကံမြို့သစ်ကို ဆက်သွားတဲ့ ဒီမြို့ဆက်လမ်းဟာ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်ကို အလွယ်တကူ သွားလာလို့ ရနိုင်တဲ့ လမ်းဖြစ်ပြီး ကျေးလက်ပြည်သူတွေ ကျန်းမာရေးအတွက်
မြောက်ဥက္ကလာ ဆေးရုံကြီးနဲ့ အနီးဆုံး လမ်းဖြစ်ကြောင်း သိရပါတယ် ခင်ဗျာ။

~
ဒီဘဲကြီးတော့ သမ္မတ ဖြစ်လာရင် မလွယ်သေးဘူး။