လယ်သမားချမ်းသာတာ တိုင်းပြည်ချမ်းသာတာလို့ ဒုသမ္မတသစ် ပြော

Thursday, August 23, 2012



ဒု သမ္မတ ဦးဥာဏ်ထွန်းရဲ့ လှည့်လည်၊ လေ့လာ၊ ကြည့်ရှု့ စစ်ဆေးတဲ့ ပွဲဦးထွက် ခရီးစဉ် သတင်းပါ။ နိုင်ငံပိုင် သတင်းတွေမှာ ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။

ဒုသမ္မတ ဦးဥာဏ်ထွန်းက ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ အဆင့်ကို အတိုင်းအတာ တခုထိ ရောက်နေပြီလို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယ အဆင့်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချ
ရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် လယ်ယာကဏ္ဍ ဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။ လယ်သမား ၇၀ ရာခိုင်နှုန်း ရှိ တဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေ ချမ်းသာတာဟာ တိုင်းပြည်ချမ်းသာတာပဲလို့ သူက ပြောခဲ့ပါတယ်။




ဒါကြောင့်ပဲ နေပြည်တော် တ၀ိုက် လယ်ယာလုပ်ငန်းတွေကို လိုက်လံကြည့်ရှု့တာလည်းဖြစ်ပါတယ်။ လယ်ယာနဲ့ပတ်သက်ပြီး နေပြည်တော် တ၀ိုက် ဆည်တွေ၊ ရေအားလျှပ်စစ် လုပ်ငန်းငယ်တွေ၊ လယ်ယာထွက် ပစ္စည်းတွေနဲ့ စပါးကိစ္စတွေကို လိုက်လံ ကြည့်ရှု့တာလည်းဖြစ်ပါတယ်။



ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာက ထွန်တုံးပိတ်ပွဲမှာ စံပြစပါးစိုက်ခင်းကိုသွားပြီး ကောက်စိုက် လုံမေတွေ ကိုလည်း ကြည့်ရှု့အားပေးခဲ့ပါသေးတယ်။

4 comments :

  1. Unknown said... :

    အားကိုးပါသည် ဒုသမ္မတကြီးခင်ဗျား။ လယ်သမားများ ပို၍ချမ်းသာလာအောင် ခရိုနီကြီးများသိမ်းပိုက်ထားသော လယ်သမားတို့၏ မြေယာများ အမြန်ဆုံးပြန်လည် ရရှိစေရန် ဆောင်ရွက်ပေးပါခင်ဗျား။

  1. Unknown said... :

    အဖွင့်တော့ကောင်းပါသည် မချီးကျူးရဲသေးပါ
    စောင့်ကြည့်ရပါအုံးမည် ကြုံဖူးပေါင်းများပါပြီ

  1. "လိုအပ်သည်များကို ညွှန်ကြားသွားသည်" ဆိုတဲ့ ဒီလိုဓါတ်ပုံမျိုးတွေ တွေ့ရဒါ နှစ်ပေါင်း၅၀ ရှိပါပြီ။ ဒီတခါတော့ ပီပီပြင်ပြင် လုပ်ပါ ဆရာရေ။

  1. Anonymous said... :

    I have a nose.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved