အမည်မည်းစာရင်းထဲက သုံးပုံတပုံကို ဖျက်လိုက်ပြီ

Tuesday, August 28, 2012

~





(ပြည်ပရောက်နေတာ နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့ ကိုမိုးသီးဇွန်က ရှေ့လဆန်း မြန်မာပြည်သွားမယ်လို့ သိရပါတယ်။ အစိုးရရဲ့အမည်မည်းစာရင်းထဲ သူ့အမည် ပါဝင်ခဲ့ပုံရပါတယ်။)

အစိုးရ Black List ထဲက အမည်
၂,ဝ၈၂ ကို ဖျက်လိုက်ပါပြီ လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာမှာ သတင်းတိုတပုဒ် တွေ့ရပါတယ်။

Black List ထဲမှာ သတင်းသမားတွေအပါအ၀င် နယ်ပယ်စုံက ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ ရှိနေပါတယ်။ သုံးပုံ နှစ်ပုံကို ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ ဖျက်လိုက်တဲ့နာမည်၊ မဖျက်ရသေးတဲ့အမည်တွေကို ဘယ်ဌာနမှာ သွားကြည့်လို့ရမယ်ဆိုတာ မသိရပါ။

ဒီနေ့သတင်းစာပါ အမည်မည်းသတင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ် -

နေပြည်တော် သြဂုတ် ၂၇

နိုင်ငံတော်အစိုးရသည် လက်ရှိအခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း
အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယခင်က နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများ အပါအဝင် အခိျု့အား အကြောင်းအမျိုးမျိုးကြောင့် အမည်မည်းစာရင်း (Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိ ခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခင်သတ်မှတ်ထားသည့် အမည်မည်းစာရင်းဝင် စုစုပေါင်း ၆၁၆၅ ဦးရှိသည့်အနက် ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း ၂ဝ၈၂ ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်၍ ဖြေလျှော့ပေးလိုက်ကြောင်းနှင့် အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)


မူရင်းပုံစံ ဖတ်လိုပါက ဒီနေရာ http://2.bp.blogspot.com/-WYpaJ2RUa-s/UDxDBHs7axI/AAAAAAAAMzg/fLqLmEweGbo/s400/0%2Bnpd.jpg ကို နှိပ်ပါ



~

1 comments :

  1. Anonymous said... :

    ဘယ်သူက အမည်မဲတာလဲ။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အမည်မဲ စာရင်းထဲမှာ စစ်ဗိုလ်ချူပ်တွေ၊ သူတို့ သားသမီးတွေ ပါတယ်။ နိုင်ငံတကာ ကမ္ဘာအသိုင်းအဝိုင်းက မှားနေတာလား။ စစ်အုပ်စုက မှားနေတာလား ကမ္ဘာကြီးက သိနေတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved